တိုကျိုစစ်အခြေစိုက်စခန်းများအနီး တရုတ်က မြေများဝယ်ယူနေမှုကြောင့် ဂျပန်စိုးရိမ်နေ

By India Blooms
31 December 2020
 တိုကျိုစစ်အခြေစိုက်စခန်းများအနီး တရုတ်က မြေများဝယ်ယူနေမှုကြောင့် ဂျပန်စိုးရိမ်နေ

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀

ဂျပန်၏ ကာကွယ်ရေးတပ်များအနီး တရုတ်က မြေများဝယ်ယူလျက်ရှိကာ အာရှနိုင်ငံ နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ဖွယ် အလားအလာတစ်ခုကို ဖန်တီးလျက်ရှိသည်။ ဂျပန်အစိုးရသည် စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များအား လုံခြုံရေးတိုးမြှင့်ရန်နှင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည့် အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် စီစဉ်လျက်ရှိကြောင်း Sunday Times က တင်ပြထားသည်။

ထိရှလွယ်သော နယ်မြေများအနီး မြေပိုင်ဆိုင်မှုများ လေ့လာစုံစမ်းရန် အစိုးရက အရာရှိများအားမှာကြားထားပြီး မြေဝယ်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးခွင့်ပေးမည့် ဥပဒေအား ချမှတ်ရန် စီစဉ်နေသည်ဟု  Nikkei သတင်းစာ က ရေးသားထားသည်။ ပတ်သက်နေသော နယ်မြေများတွင် ဂျပန်နှင့် အမေရိကန်စစ်တပ်အခြေစိုက်စခန်းများနှင့် နျူကလိယ ဓာတ်ပေါင်းဖိုများပါဝင်ကြောင်း သတင်းစာက ဖော်ပြထားသည်။

 နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်ကုမ္ပဏီများထံသို့ မြေရောင်းချနေခြင်းက  သူလျိုလုပ်ငန်းအတွက် အသုံးချခွင့်ရသွားမည့် အလားအလာအား စုံစမ်းစစ်ဆေးခံရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly