ပိုးကူးလူနာ လာရောက်သွားသည့် ဘန်ကောက် ကာရာအိုကေဆိုင်က အလုပ်သမား ၂၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ 

ပိုးကူးလူနာ လာရောက်သွားသည့် ဘန်ကောက် ကာရာအိုကေဆိုင်က အလုပ်သမား ၂၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ 

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀

နန်သာဘူရီ ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး လာရောက်လည်ပတ်သွားဖူးသည့် ဘန်ကောက်က ကာရာအိုကေဆိုင်တစ်ဆိုင်တွင် အလုပ်သမား ၂၁ ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသည်။ 

နွမ်မိုင်ကာရာအိုကေဆိုင် အလုပ်သမား ၇၅ ဦးတွင် ၃၉ ဦးအား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ရာ ၂၁ ဦးတွင် ပိုးတွေ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးရုံး BMA မှ ပြောရေးဆိုခွင့်ရှိသူ ပေါင်ဆာခွန်က ပြောသည်။ 

BMA ရှိ ကိုဗစ်-၁၉ အခြေအနေ စီမံရေးဌာနက အစ်ဆန်းခရွန်ခေါစားသောက်ဆိုင်နှင့် နွန်မိုင် ကာရာအိုကေဆိုင်အပြင် နွန်မိုင်ပလာဇာ ဆိုင်သို့ လာရောက်လည်ပတ်ခဲ့သူများအား ခြေရာကောက်နေဆဲဖြစ်သည်။ ယခုကဲ့သို့ ကူးစက်မှုများ ဖြစ်ခြင်းသည် နန်သာဘူရီမှ ကူးစက်ခံရသူတစ်ဦး ယင်းနေရာများသို့ လာရောက်လည်ပတ်သွားရာမှ ဖြစ်နိုင်ပုံရသည်။ 

ယခု ၂၁ ဦး ကူးစက်မှု မတိုင်ခင် ဘန်ကောက်၌ ဗုဒ္ဓဟူးနေ့တွင် လူ ၁၇ ဦး ကိုဗစ်-၁၉ ကူးစက်ခဲ့ရာ မြို့တော်၏ စုစုပေါင်း ကူးစက်နှုန်းထားသည် ၁၂၅ ဦးအထိ မြင့်တက်ရောက်ရှိသည်။ ကူးစက်မှုသစ် နှစ်ရပ်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကျရောက်နေသော ဆမ်မွတ်ဆာခွန်အရပ်နှင့် ဆက်စပ်လျက် ရှိသည်။ ထို ကူးစက်သူနှစ်ဦးမှာ အသက် ၂၈ နှစ်ရှိ အမျိုးသားနှင့် ၂၆ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး နှစ်ဦးစလုံးတွင် ရောဂါလက္ခဏာ မပြပေ။ 

ကျန်သော ၁၅ ဦးမှာ ဗိုင်းရပ်စ်ဘေးနှင့် နီးစပ်သူများနှင့် ကျန်းမာရေးနယ်ပယ်မှ ဝန်ထမ်းများ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly