နှစ်သစ်ကူးရက်များအတွင်း ပုသိမ်မြို့တွင် လူစုလူဝေး မဖြစ်စေရန် ကြပ်မတ်

နှစ်သစ်ကူးရက်များအတွင်း ပုသိမ်မြို့တွင် လူစုလူဝေး မဖြစ်စေရန် ကြပ်မတ်

ဒီဇင်ဘာ ၃၀

နှစ်သစ်ကူးရက်များဖြစ်သည့် ဒီဇင်ဘာ ၃၀နှင့် ၃၁ရက်များတွင် ပုသိမ်မြို့၌ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီအနေဖြင့်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။

မြို့ပေါ်ရပ်ကွက်နေရာများတွင်အထူးပိတ်ဆို့စစ်ဆေးရေး ပွိုင့်နေရာငါးနေရာ သတ်မှတ်စစ်ဆေး သွားမည်ဖြစ်ပြီးည၁၂နာရီမှနံနက် ၄နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

၄င်းအပြင်မြို့နယ် Mobile စစ်ဆေးရေးအဖွဲ့ နှစ်ဖွဲ့ဖြင့်မြို့တွင်းသို့ လှည့်လည်စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေး ကပြောသည်။

"ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့၊ပုသိမ်မြို့နယ်မြေခံရဲစခန်းကရဲတွေ ယာဉ်ထိန်းရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီး စစ်ဆေးသွားမှာပါ။ ငါးနေရာအထိုင်ချမယ်။ နှစ်ဖွဲ့ကတော့ Mobile လှည့်ပြီးတော့ ကြပ်မတ်ဖို့ပြင်ထားတယ် Stay At Home ကတော့မဖြစ်မနေမှ အပြင်ထွက်ရမှာ လေ။ အပြင်ထွက်ကဒ်ပြားပါလဲ ဥပမာဆိုရင် လမ်းပေါ်ထွက်ပြီးအရေးအကြောင်း ရှိလို့သွားနေတာဆိုရင် ပြသနာမရှိဘူး။ ပန်းခြံတို့ ပုသိမ်တံတားအောက်တို့ကမ်းနားလမ်းတလျှောက်မှာ လူစုလူဝေးလုပ်တာတို့ ပျော်ပါးသောက်စားနေတာတို့ဆိုရင် ကျွန်တော်တို့အရေးယူမှာပါ "ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စည်းကမ်းချက်များ မထုတ်ထားပါက နှစ်သစ်ကူးညတွင် လူငယ်များ သောက်စားပျော်ပါးပြီး လှည့်လည်သွားလာနေမည်ဖြစ်သဖြင့် စည်းကမ်းထုတ်ခြင်းမှာ ကောင်းမွန်ကြောင်း မြို့ခံတစ်ဦးဖြစ်သူ ဦးသတိုးဌေးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly