သမ္မတ၏ ဗီတိုအာဏာကို ပယ်ဖျက်မယ့်အရေးကြောင့် ရီပတ်ဘရီကန်ခေါင်းဆောင်တွေကို ထရမ့် ပြစ်တင် 

သမ္မတ၏ ဗီတိုအာဏာကို ပယ်ဖျက်မယ့်အရေးကြောင့် ရီပတ်ဘရီကန်ခေါင်းဆောင်တွေကို ထရမ့် ပြစ်တင် 
Photo: AFP

ဒီဇင်ဘာ ၃၀ ၊ ၂၀၂၀

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ သမ္မတ သက်တမ်းတစ်လျှောက်မှာ ပထမဆုံး ဗီတိုအာဏာ ပယ်ချခံရတာနဲ့ ရင်ဆိုင်လာရတာကြောင့် ကွန်ဂရက်က ရီပတ်ဘရီကန်ခေါင်းဆောင်တွေကို အင်္ဂါနေ့မှာ ပြစ်တင်ပြောဆိုပါတယ်။ 

ဆီးနိတ်မှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ထိန်းချုပ်မှုကို ရနိုင်ဖို့ရှိတဲ့ ဂျော်ဂျီယာပြည်နယ်ရဲ့ မဲရလဒ်မှာ မဲအရေအတွက် တူနေလို့ အတိမ်းအစောင်းခံလို့မရတဲ့ နှစ်ပါတီ ပူးပေါင်းရဖို့ ရှိနေချိန်မှာ ဆက်ဆံရေး ဆိုးဝါးစေတာလည်း ဖြစ်ပါတယ်။ 

အားလပ်ရက် ယူနေတဲ့ ဖလော်ရီဒါက မာအေလာအို အပန်းဖြေအိမ်ရာကနေပြီး အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ဟာ တစ်ချိန်က နီးကပ်တဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဩဇာပြည့်ဝသူ ရီပတ်ဘရီကန် လူများစုခေါင်းဆောင် လွှတ်တော်အမတ် မစ်ရှ်မတ်ကွန်နေးကို ရည်ရွယ်ပြီးတွစ်တာတွေ ရေးသားနေခဲ့ပါတယ်။ 

“အားချိပြီး မောဟိုက်နေတဲ့ ရီပတ်ဘရီကန် ခေါင်းဆောင်ပိုင်းဟာ ဆိုးဝါးတဲ့ ကာကွယ်ရေးဥပဒေကြမ်းကို အတည်ပြုခွင့် ပေးလိမ့်မယ်။”လို့ ထရမ့်က ရေးသားပါတယ်။ အမျိုးသား ကာကွယ်ရေး အာဏာသုံးပိုင်ခွင့် အက်ဥပဒေ NDAA ကို သမ္မတ ထရမ့်က ဗီတိုသုံး ပယ်ချထားတာကို ဆီးနိတ်က ဘေးချိတ်ပြီး အတည်ပြုဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

“သူရဲဘောကြောင်သူတွေရဲ့ ရှက်ဖွယ်လုပ်ရပ်နဲ့ ပျော့ညံသူတွေဟာ နည်းပညာကုမ္ပဏီကြီးကို လုံးဝကို အညံ့ခံလိုက်တာပဲ။”လို့ ထရမ့်က ဆိုပါတယ်။ ထရမ့်အနေနဲ့ အဲဒီ ကာကွယ်ရေးဥပဒေမှာ အင်တာနက်ကုမ္ပဏီကြီးတွေကို ကာကွယ်ပေးထားတဲ့ ပုဒ်မ ၂၃၀ ကို ပြင်ဆင်ခြင်း မရှိတာမို့ အရင်ကတည်းက ဗီတိုသုံး ပယ်ချထားတာပါ။ 

“ပိုပြီး ကောင်းတဲ့ ဥပဒေဖြစ်ဖို့ စေ့စပ်ညှိနှိုင်းကြ၊ ဒါမှမဟုတ် ပိုတော်တဲ့ ခေါင်းဆောင်တွေကို ရွေးကြပါ၊ အခုကိုပဲ။”ဆိုပြီး ထရမ့်က ဆိုပါတယ်။ “NDAA ဥပဒေကို သင့်တော်အောင် မပြင်ဆင်မချင်း ဆီးနိတ်အနေနဲ့ အတည်မပြုသင့်ဘူး။”လို့လည်း သူက ပြောပါတယ်။ 

ထရမ့်ရဲ့ တွစ်တာရေးသားချက်တွေကို မတ်ကွန်နေးက လျစ်လျူရှုထားပြီး အခု ကာကွယ်ရေး ဥပဒေကို သမ္မတရဲ့ ဗီတိုအာဏာသုံး ပယ်ချထားတာကို ပယ်ဖျက်မယ့် ဗီတိုအမိန့်တစ်ရပ် ဗုဒ္ဓဟူးနေ့မှ ထုတ်ပြန်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly