မြန်မာလေကြောင်း ၀န်ထမ်းများကို ဂျပန်သင်တန်းပေးရန်ခေါ်ယူ

မြန်မာလေကြောင်း ၀န်ထမ်းများကို ဂျပန်သင်တန်းပေးရန်ခေါ်ယူ
ရန်ကုုန် အပြည်ပြည်ဆိုုင်ရာလေဆိပ်ရှိ လေယဉ်များဆင်းသက်နေသည်ကိုုတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

တိုကျို၊နိုဝင်ဘာ ၂၁ ။              ။ ဂျပန် နာရီတာလေဆိပ်တွင် ခရီးသည်တင်ပေါင်းကူးတံတား ဝန်ဆောင်ခြင်းနှင့် ကုန်တင်ကုန်ချခြင်းများအပါအဝင် လေဆိပ်ဝန်ဆောင်မှုများအတွက်  သင်တန်းပေးရန် ဂျပန် All Nippon Airlines လေေကြောင်းလိုင်းကုမ္ပဏီ ANA Holdings Inc . က မြန်မာနိုင်ငံက သင်တန်းသား ၁၅ ဦးအား ယခုလကုန်တွင် စတင်ခေါ်ယူမည် ဖြစ်ကြောင်း The Japan Times သတင်းတွင်ဖော်ပြထားသည်။

မြန်မာအစိုးရ၏ မေတ္တာရပ်ခံတောင်းဆိုချက်အရ ယခုကဲ့သို့ ခေါ်ယူသင်တန်းပေးသွားမည်ဖြစ်ကြောင်း ၊ လေကြောင်းလိုင်းအနေဖြင့်လည်း သင်တန်းပေးရေးအစီအစဉ်တွင် ပထမဆုံး နိုင်ငံခြားသား များကို သင်ကြားပေးခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းဖြစ်သည့် ANA က ပြောသည်။

မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးလာခြင်းနှင့်အတူ လေကြောင်းကဏ္ဍာနယ်ပယ်တွင် ချဲ့ထွင်သွားရန် မျှော်လင့်ထားသော်လည်း လေဆိပ်များတွင် မြေပြင်ဝန်ဆောင်မှု ပေးရသည့် ကျွမ်းကျင်လုပ်သားများ   ပြုစုပျိုးထောင်ရန်အတွက် အဆောတလျင် လိုအပ်နေကြောင်း ANA က ပြောသည်။

မြန်မာသင်တန်းသားများကို အဆင့်တူ ဂျပန်ဝန်ထမ်းများနှင့်အတူ တစ်တန်းတည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူက ပြောသည်။

သင်ကြားရေးအစီအစဉ်တွင် ပါဝင်သည့် ရုံးခွဲဖြစ်သည့် ANA Narita Airport Services Co., က မြန်မာနိုင်ငံမှ သင်တန်းသား ၁၅ ဦးခန့်ကို နှစ်စဉ် ခေါ်ယူကာ ဆက်လက်သင်တန်းပေးသွားမည်ဖြစ်သည်။

ANA Holdings က ယခုအစီအစဉ်ကို မည်သည့်အချိန်ကာလအထိ ထားရှိလုပ်ဆောင်သွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ANA လေကြောင်းလိုင်းသည် ဂျပန်နှင့် မြန်မာနိုင်ငံခြား တိုက်ရိုက်ပျံသန်းပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းတစ်လိုင်းဖြစ်သည်။

The Japan Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly