ရခိုင်အမျိုးသမီးအဖွဲ့စည်းနှစ်ခုမှ အဓမ္မပြုကျင့်ခံရသည့် ကလေးနှင့် ပတ်သက်၍ သဘောထုတ်ပြန်

ရခိုင်အမျိုးသမီးအဖွဲ့စည်းနှစ်ခုမှ အဓမ္မပြုကျင့်ခံရသည့် ကလေးနှင့် ပတ်သက်၍ သဘောထုတ်ပြန်

စစ်တွေ၊နိုဝင်ဘာ၂၀ ။                 ။ ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် (မီးလောင်ကွင်း) တွင်နေထိုင်သည့် အရွယ်မရောက်သေးသူ ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပက်သက်၍ ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)နှင့် ရခိုင်အမျိုးသမီးများ ကွန်ရက် (RWN)တို့က ပူးပေါင်း၍ သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၅နာရီခွဲက ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အိမ်သာတက်ရန်သွားရောက်စဉ် အသက် ၅၀နှစ်အရွယ်ရှိ တပ်ပြေးတစ်ဦးက ခြုံထဲဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့မှုနှင့် ပတ်သက်၍ကျူးလွန်သူအား ပြစ်မှုပြစ်ဒဏ်နှင့် အညီထိရောက်စွာ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့်နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်ဆိုးများမကြုံရလေအောင် သက်ဆိုင်ရာအစိုးရမှ အထူးအလေးထား၍ ကြိုတင်တားဆီးကာကွယ်သည့် နည်းလမ်းများချမှတ် လုပ်ဆောင် ပေးပါရန် တိုက်တွန်းချက်များပါ သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ရက်က စစ်တွေမြို့ပေါ်တွင် ဖြန့်ဝေခဲ့သည်။

ယင်းအပြင် မတရားမှုပပျောက်ရေး၊ တရားမျှတမှုဖော်ဆောင်ရေးတို့အတွက် မိမိအရေးကိစ္စကဲ့သို့ ခံယူလျှက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကိုရှေးရှု့ဆောင်ရွက်နိုင်ရန်လည်း ပြည်သူအားလုံးသို့ ပန်ကြားထားကြောင်း ဖော်ပြပါရှိသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးဒု-ဥက္ကဌ(၁)ဒေါ်စောစံငြိမ်းသူမှ “ ကျွန်မတို့ကအဓိကကလေးကျန်းမာလာဖို့အရေးနဲ့ တစ်ဖက်မှာတရားခံကိုဥပဒေကြာင်းအရအရေးယူဆောင်ရွက်နိုင်မှုကို မြန်မြန်ဆန်ဆန် လုပ်လာနိုင်အောင် တိုက်တွန်းနှိုးဆော်သွားမှာဖြစ်ပါတယ်၊ ရဲဘက်ကိုဆိုရင်လည်းရဲဘက်ကိုပြောနေပါတယ် ၊ ပြီးတော့ တရားစီရင်မှုကိုလည်း မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ဖို့အတွက်ကိုလည်း တိုက်တွန်းနေတာရှိပါတယ်၊ ဆေးရုံဖက်က ဆိုလို့ရှိရင်လည်းမှုခင်း ဆရာဝန်ဆီကဆေးစစ်ချက်ကို အမြန်ဆုံးရရှိနိုင်အောင် တိုက်တွန်းနိုးဆော်နေတာ ရှိပါတယ်” ဟုဆိုသည်။

ပြစ်မှုကျူးလွန်သူအားစစ်တွေမြို့မရဲစခန်းမှ (ပ)၂၃၄/၂၀၁၅၊ ဥပဒေပုဒ်မ ၃၇၆/၃၇၇ အရ အရေးယူဆောင်ရွက်ထားရှိကာ ပြီးခဲ့သည် နိုဝင်ဘာလတွင်လည်း စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ အသက် ၈ နှစ် အရွယ်ကလေးငယ်တစ်ဦးအား တပ်မတော်သား တစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည့် ကလေးငယ်မှာရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံ၌ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန် ၌   သေဆုံးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly