ရန်ပုံငွေအရှုပ်တော်ပုံအတွက် ဂျပန်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်၌ အစစ်ခံမည် 

ရန်ပုံငွေအရှုပ်တော်ပုံအတွက် ဂျပန်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်၌ အစစ်ခံမည် 

ဒီဇင်ဘာ ၂၅

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် လက်ရှိ ဝန်ကြီးချုပ်အပေါ်တွင်ပါ အရိပ်ဖိစီးလွှမ်းမိုးမှု ရှိနေသည့် နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံနှင့် ဆက်စပ်ပြီး လွှတ်တော်တွင် ၎င်း၏ တင်ပြချက်များအား သောကြာနေ့တွင် ပြန်လည်ပြင်ဆင်ထွက်ဆိုရန် ရှိနေသည်။ 

အာဘေးသည် ဂျပန်နိုင်ငံ၌ တင်းကြပ်စွာ ချမှတ်ထားသော နိုင်ငံရေးရန်ပုံငွေဥပဒေများကို ချိုးဖောက်နိုင်ဖွယ် ရှိနေသည့်အနေဖြင့် ၎င်းအား ထောက်ခံသူများကို ပါတီအပေါ် အားပေးထောက်ခံမှုများ ပို၍ ရရှိအောင် ၎င်း၏ နိုင်ငံရေးရန်ပုံငွေအဖွဲ့က အမတော်ထောက်ပံ့ကြေးများ သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး မှားယွင်းစွာ အကြိမ်ကြိမ် ငြင်းဆိုခဲ့မိကြောင်း ကြာသပတေးနေ့တွင် တောင်းပန်သည်။ 

ဂျပန်၏ ကာလအရှည်ကြာဆုံးခေါင်းဆောင် အာဘေးသည် ထိုသို့ အမတော်ထောက်ပံ့ကြေးများ ပေးသည်ဆိုခြင်းအား သူ သိရှိထားခြင်း မရှိဟု ငြင်းဆိုထားသကဲ့သို့ အပြစ်မဲ့ကြောင်း ဆက်လက်စွဲကိုင်နေပြီး ပြည်သူ့ယုံကြည်မှု ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုထားခဲ့ခြင်း ဖြစ်သည်။ ယခု တောင်းပန်လာမှုမှာလည်း သူ့ အတွင်းဝန်ကို ရန်ပုံငွေအရှုပ်တော်ပုံနှင့် စွဲချက်တင်ခံရပြီး ယန်းငွေ တစ်သန်း(အမေရိကန်ဒေါ်လာ ၉၆၅၀ ဒေါ်လာ) ဒဏ်တပ်ခံရပြီးနောက် တောင်းပန်လာခြင်း ဖြစ်သည်။ 

ထိုအတွက် အဘိုးနှင့် အဘိုးလေးဖြစ်သူတို့ပါ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးမျိုးရိုးရှိသည့် အာဘေး၏ ကံကြမ္မာအတွက် သိသာထင်ရှားသော အမှုပွေလီလာခြင်း ကြုံရခြင်းပင်။ အာဘေးသည် ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်တာနီးပါး ထမ်းဆောင်ပြီးနောက် စက်တင်ဘာလတွင် ကျန်းမာရေးအခြေအနေဖြင့် ရာထူးမှ အနားယူခဲ့ခြင်း ဖြစ်သည်။ 

ယခု အရှုပ်တော်ပုံသည် ဝန်ကြီးချုပ်အဖြစ် ဆက်ခံသူ အာဘေး၏ ညာလက်ရုံး ယိုရှီဟီဒီဆူဂါအတွက်လည်း ထိခိုက်မှု ဖြစ်နိုင်ပြီး ဆူဂါအနေဖြင့် လွှတ်တော်တွင် ၎င်း၏ အထက်လူကြီးဖြစ်ခဲ့သူ အာဘေးအတွက် ခုခံကာကွယ်ပေးလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly