မန္တလေးတိုင်းဒေသကြီး စဉ်ကူးမြို့နယ် ကျွန်းသား - ရွာသာ အနီးတွင် သောင်းတူး

မန္တလေးတိုင်းဒေသကြီး စဉ်ကူးမြို့နယ် ကျွန်းသား - ရွာသာ အနီးတွင် သောင်းတူး

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျွန်းသာ-ရွာသာ ကျေးရွာအနီးတွင်ရှိ ဧရာဝတီ မြစ်ရေလမ်းကြောင်း ဟောင်းနေရာတွင် ရေးလမ်းကြောင်း ပေါက်သွားစေရန် သောင်တူးဖော်ရေ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောသည်။

“ ရေကြောင်းအဟောင်းကို ပြန်လည် ဖေါ်ထုတ်လိုက်ရင် ရေကြောင်းနှစ်ခုခွဲသွားလို့ စီးဆင်းတဲ့ ရေထုထည် လျော့သွားပြီး ကမ်းပြိုမှု လျော့နည်းသွားမယ်။ ဒါကြောင့် ရေလမ်းကြောင်း အဟောင်း ဘက်က သောင်တွေကို စက်ယန္တရားနဲ့ တူးဖေါ်ဖယ်ရှားတဲ့ လုပ်ငန်း လုပ်ဆောင်တာ ဖြစ်တယ်” ဟု ဦးတိုးအောင်လင်း ကပြောသည်။

သောင်တူးခြင်း လုပ်ငန်းကို နိုဝင်ဘာလဆန်းပိုင်းက စတင် လုပ်ဆောင်နေခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာတွင် လုပ်ငန်းပြီးစီးနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ထောက် အင်ဂျင်နီယာ ဦးကျော်သန်းဝင်းကလည်း လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ “ကျွန် တော်တို့ လုပ်ငန်းလုပ်ရာမှာ ပြီးမြောက် တွင်ကျယ်အောင် မနက် ၆-နာရီကနေ ညနေ ၆-နာရီထိ တစ်နေကုန် တူးပါတယ်။ မှောင်ရင် ဆလိုက်မီးသုံးတယ်။ စက်ပိုင်းဆိုင်ရာ ကောင်းမွန်ရင် ဒီဇင်ဘာလ ဆန်းပိုင်းမှာ ပြီးမယ်” ပြောသည်။

သောင်တူးလုပ်ငန်း လုပ်ဆောင်ရခြင်းသည် ရေလမ်းကြောင်းများ ကောင်းမွန်လာစေရန်၊ ကမ်းပြိုနေမှုများ လျှော့ချနိုင်ရန်တို့ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ အိုးအိမ်မြေနေရာနှင့်၊ လုပ်ကိုင် စားသောက်နေသော မြေနေရာများကို ကာကွယ်ပေးနိင်မှာ ဖြစ်သည်။

ယခုလုပ်ဆောင်နေသည့် သောင်တူးလုပ်ငန်းအပြင် ကျွန်းဦးရွာသာ ကမ်းပါးတွင် ရေလမ်းထိန်း အဆောက်အအုံများ ဆက်လက် တည်ဆောက်ရန်ရှိပြီး သောင်တူး လုပ်ငန်းအတွက် ငွေကျပ်သန်း ပေါင်း (၁၁၀)၊ ရေလမ်းထိန်း အဆောက်အအုံ လုပ်ငန်းအတွက် ငွေကျပ်(၂၅၅ ဒသမ၃)သန်း၊ စုစုး ပေါင်း ငွေကျပ်(၃၆၅ ဒသမ ၃)သန်းကို အသုံးပြုသွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly