ကပ်ရောဂါကြားက ခရစ္စမတ်နေ့

25 December 2020
ကပ်ရောဂါကြားက ခရစ္စမတ်နေ့

အမေရိကန်ပြည်ထောင်စုမှာ ခရစ္စမတ်နဲ့နှစ်သစ်ကူးအားလပ်ရက်တွေမှာ ခရီးသွားသူတွေ၊ ပွဲတော်စုဝေးဆင်နွှဲသူတွေကြောင့် ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာအရေအတွက်များလာမယ်လို့ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ ခရစ္စမတ်နေ့မရောက်ခင် ၂ ရက်အလို ဗုဒဟူးနေ့ထိ စာရင်းမှာတော့ အတည်ပြုလူနာဦးရေ ၁၈.၄ သန်းကျော်သွားကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ကိုဗစ်ရောဂါဆိုင်ရာ အချက်အလက်ပြုစုနေတဲ့ စင်တာရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ခရစ္စမတ်ရာသီမှာ ပြည်သူတွေ ခရီးသွားရင်း ရောဂါပိုး ပိုပျံ့မှာ စိုးရိမ်တဲ့အတွက် ဗြိတိန်၊အီတလီနဲ့ အစ္စရေးလို နိုင်ငံအများအပြားက အသွားအလာ ကန့်သတ်ချက်တွေ တိုးမြှင့်ချမှတ်ထားပါတယ်။ အရေးပေါ်အခြေအနေကလွဲရင် ခရီးမသွားဖို့ တားမြစ်ချက်သစ်တွေကြောင့် မိသားစုဝင်တွေနဲ့ မတွေ့မှာစိုးပြီး စိတ်ပျက်နေတဲ့ အီတလီပြည်သူတွေရှိသလို တချို့ကလည်း ဒါက မဖြစ်မနေ လုပ်သင့်တဲ့အရာဆိုတာကို နားလည်ပေးကြပါတယ်။ ခရစ်တော် မွေးဖွားရာ ပါလက်စတိုင်းနိုင်ငံက Bethlehem မြို့မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် နှာခေါင်းစည်းအကာအကွယ်တွေ ဝတ်ပြီး ခရစ္စမတ်နေ့မှာ ဝတ်ပြုဆုတောင်းပွဲတွေ ဘုရားကျောင်းကိုယ်စီမှာ ပုံစံပြောင်းပြီး လုပ်ဆောင်နေကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly