ဒေါ်နယ်ထရမ့်အတွက် မရေရာသည့် အနာဂတ်နှင့် တရားရေးခြိမ်းခြောက်မှုများ စောင့်ကြိုနေ 

ဒေါ်နယ်ထရမ့်အတွက် မရေရာသည့် အနာဂတ်နှင့် တရားရေးခြိမ်းခြောက်မှုများ စောင့်ကြိုနေ 

ဒီဇင်ဘာ ၂၅

သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်မှ ထွက်ခွာရန် ပြင်ဆင်နေရပြီဖြစ်သော်လည်း တိတ်တဆိတ်တော့ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။ 

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ၌ ဒီမိုကရက်က ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ရသည့် ရွေးကောက်ပွဲအတွက် ၎င်း၏ တရားစွဲဆိုမှု အားထုတ်ချက်များ အရာမထင် ဖြစ်ပြီးနောက် ထရမ့်အနေဖြင့် ဇန်နဝါရီ ၂၀ တွင် အခွင့်အလမ်း တစ်ပုံတစ်ပင် ရှိနေသော် သာမန်ဘဝသို့ ပြန်လည်ဝင်ရောက်ရမည် ဖြစ်သည်။  

ဂျိုးဘိုင်ဒင်အား အမေရိကန်သမ္မတအဖြစ် တရားဝင်ရွေးကောက်ခံရကြောင်း Electoral College သမ္မတရွေးချယ်ရေးအဖွဲ့က မဲပေးကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

သာမန်ဘဝသို့ ပြန်လည်ရောက်ရှိမည့် ထရမ့်ကမူ ၂၀၂၄ တွင် အိမ်ဖြူတော်အတွက် နောက်ထပ် အရွေးခံခြင်း သို့မဟုတ် မီဒီယာအား အသုံးချခြင်း စသည့် အခွင့်အလမ်းများ ရှိနေသည်။ သို့သော် ထို အခွင့်အလမ်းများနှင့်အတူ ဖြစ်လာနိုင်သော တရားစွဲဆိုခံရမည့် ဘေးများနှင့် စီးပွားရေးစိန်ခေါ်မှုများကလည်း တစ်ပါတည်း ရှိနေသည်။ 

သေချာသည့် တစ်ခုမှာ ထင်ပေါ်မှုကို ပြင်းပြသည့် ထရမ့်အနေဖြင့် တိတ်ဆိတ်စွာပင် ပန်းချီပညာ လိုက်စားနေသည့် ယခင် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်နှင့် ဂျင်မီကာတာတို့ ခြေလှမ်းအတိုင်း မနင်းမည်ကတော့ အသေအချာပဲ ဖြစ်သည်။ 

ထရမ့်၏ အနာဂတ်သည် သမ္မတအဖြစ် တာဝန်ထမ်းရစဉ်အတိုင်းပင် အသံထွက်လွန်းသော၊ ပွတ်တိုက်မှုများ‌သော၊ ပြောင်ကျလွန်းသော အနာဂတ်ပဲ ဖြစ်လာနိုင်သည်။ 

ထိုသို့သော အနာဂတ်တွင် ၎င်း ထိန်းချုပ်မှုအောက်တွင် ရှိနိုင်မည်မဟုတ်သော ၎င်း သမ္မတအဖြစ် တာဝန်မထမ်းခင်က မိသားစု စီးပွားရေးလုပ်ငန်းများနှင့် ၎င်း၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်ပတ်သက်နေသည့် တရားစွဲဆိုခြင်းများက ဆီးကြိုနေသည်။  

အိမ်ခြံမြေလုပ်ငန်းရှင်မှ သမ္မတဖြစ်လာခဲ့သော ထရမ့်က ထင်ပေါ်မှု ပြန်လည်ရရေးအတွက် နည်းမျိုးစုံ စဉ်းစားလျက် ရှိသည်။ 

ရွေးကောက်ပွဲအရှုံးကို ဝန်မခံဘဲ မဲမသမာမှုများရှိသည်ဟု ဆက်လက်ပြောဆိုနေဆဲ ထရမ့်က အိမ်ဖြူတော်အတွက် နောက်တစ်ကြိမ် ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိသည်ဟု ၎င်း၏ မဟာမိတ်များကို ပြောထားသည်။ 

ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာဆိုပွဲသို့ မတက်ရောက်ရန်နှင့် ၂၀၂၄ တွင် ပြန်လည်ရွေးကောက်ခံမည်ဟု ကြေညာရေးတို့ကိုပင် ဆွေးနွေးလျက် ရှိနေတော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly