တရုတ်သည် ပါကစ္စတန်ရှိ ရထားလမ်းစီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ခွင့်မပြုခင် အာမခံချက်များ ထပ်တိုးရှာဖွေ

By Economic Times
24 December 2020
တရုတ်သည် ပါကစ္စတန်ရှိ ရထားလမ်းစီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ခွင့်မပြုခင် အာမခံချက်များ ထပ်တိုးရှာဖွေ

ဒီဇင်ဘာ ၂၄ ၊ ၂၀၂၀

ပါကစ္စတန်၏ ယိုယွင်းလာသော ဘဏ္ဍာရေးအခြေအနေများကြောင့် နိုင်ငံရှိ Main Line-1 (ML-1) ရထားလမ်းစီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ခွင့်မပြုခင် နောက်ထပ် အာမခံချက်များ တရုတ်က ရှာဖွေလျက်ရှိကြောင်း ဗုဒ္ဓဟူးနေ့ က သတင်းမီဒီယာများ၏ထုတ်ပြန်ချက်အရ သိရသည်။

အစ္စလာမ်ဘတ်၏ ဈေးအနိမ့်ဆုံးချေးယူမှု ဆန္ဒအား ဆန့်ကျင်လျက် တရုတ်သည် ရထားလမ်းစီမံကိန်းအား ငွေကြေးထောက်ပံ့ရန် စီးပွားဖြစ်နှင့် အပေးအယူ အရော ချေးငွေများအား အကြံပြုခဲ့သည်။
 
 ဒီဇင်ဘ ၁၃ရက်နေ့က ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် ပူးတွဲ ML-1 ဘဏ္ဍာရေးကော်မတီ အစည်းအဝေးတွင် ထပ်မံ အာမခံချက်များတိုးလာခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကကြောင်း တရားဝင် စာတမ်းများအား ရည်ညွှန်း၍ Express Tribune သတင်းစာက တင်ပြထားသည်။

ညှိနှိုင်းဆွေးနွေးရာတွင် ပါဝင်ခဲ့သော အကြီးတန်း ပါကစ္စတန် အရာရှိတစ်ဦးက တရုတ်သည် အစည်းအဝေးတွင် ထပ်မံအာမခံချက်များအား ထည့်သွင်းလိုက်သော်လည်း ပါကစ္စတန်နှင့် မျှဝေသော မှတ်တမ်းမူကြမ်းတွင် မပါဝင်ကြောင်း ပြောကြားခဲ့သည်။ မှတ်တမ်းမူကြမ်းအား နှစ်ဖက်နိုင်ငံမှ လက်မှတ် မရေးထိုးရသေးပေ။
 
 ML-1 စီမံကိန်းတွင် ပက်ရှဝါမှ ကရာချီထိ ၁,၈၇၂ ကီလိုမီတာအရှည်ရှိသော ရထားလမ်းအား နှစ်ပိုင်းခွဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)၏ ဒုတိယ အဆင့်အတွက် အဓိက မှတ်တိုင်တစ်ခုဖြစ်သည်။

ပါကစ္စတန်သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအတွက်သာ ဖြစ်သော G-20 နိုင်ငံများမှ ကြွေးမြီကင်းလွတ်ခွင့်အား လျောက်ထားအပြီး နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေအတွက် ပိုမို ရှင်းလင်းစေရန် တရုတ်သည် ထပ်တိုး အာမခံချက်အရေးအား ထုတ်ဖော်လာသည်ဟု အရာရှိက ဆိုသည်။

တတိယအကြိမ် ဘဏ္ဍာရေးညှိနှိုင်းဆွေးနွေးမှုများတွင် မဟာဗျူဟာအရ အရေးပါသော ပါကစ္စတန် ရထားလမ်းများ၏ ML-1 စီမံကိန်းအား အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံအား ချေးပေးခြင်းအတွက် တရုတ်၏ အနေ အထားအား ပိုမိုရှင်းလင်းလာစေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အရင်းအမြစ်များအရ သိရသည်။

G-20 နိုင်ငံများထံမှ ကြွေးမြီကင်းလွတ်ခွင့် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါကစ္စတန်သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်၏ မူဘောင်အရ ခွင့်ပြုထားသည်မှလွဲ၍ ဈေးကြီးသော စီးပွားဖြစ် ချေးငွေများအား မရနိုင်ပေ။

ပါကစ္စတန်ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ကြွေးမြီဆိုင်းငံ့ခြင်းအတွက် G-20 စည်းမျဉ်းများမှ ချမှတ်လာသော အခြေအနေများကို ကြည့်လျင် ပါကစ္စတန်အစိုးရသည် ML-1 စီမံကိန်း ချေးငွေအတွက် အချုပ်အခြာအာဏာ ချေးငွေအစား အခြား ထပ်တိုး အာမခံချက်ယန္တရားအား ပေးနိုင်ကြောင်း တရုတ် အာဏာပိုင်များမှ အဆိုတင်သွင်းထားသည်ဟု ဆွေးနွေးရာတွင်ပါဝင်ခဲ့သည့် အရာရှိများပြောဆိုချက်အရ သိရသည်။

 အစည်းအဝေးတွင် ထပ်တိုးအာမခံချက်အရေးအား တရုတ်က ဖွင့်ပြောလာခြင်းသည် အံ့အားသင့်ဖွယ်ဖြစ်ကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သော အခြား အကြီးတန်း ပါကစ္စတန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဩဂုတ်လတွင် အမျိုးသားစီးပွားရေးကောင်စီ (ECNEC)၏ အမှုဆောင်ကော်မတီသည် အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံတန်ကြေးရှိ မဟာဗျူဟာအရ အရေးကြီးသော ML-1စီမံကိန်းအား ခွင့်ပြုခဲ့သည်။

နှစ်ဖက်စလုံးသည် လေလံစာရွက်စာတမ်းများအပါအဝင် နည်းပညာဆိုင်ရာ အချက်အလက်များနှင့် ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရခဲ့ကြောင်း ML-1 စီမံကိန်း၏ ပူးတွဲ နှစ်နိုင်ငံ တတိယအကြိမ် ဘဏ္ဍာရေးနှင့် သတ္တမအကြိမ် နည်းပညာဆိုင်ရာ ကော်မတီ၏ ဆွေးနွေးမှုများအရ သိရသည်။

သို့ရာတွင် တရုတ်သည် မြို့ပြလုပ်ငန်းများအား CPEC ၏ အကြီးမားဆုံး စီမံကိန်း၏ ဘဏ္ဍာရေး ယန္တရား အဆုံးသတ်ခြင်းနှင့် ချိတ်ဆက်ပြီးနောက်တွင်မူ အရာရှိက “မဟာဗျူဟာအရ အရေးကြီးသော စီမံကိန်း”ဟု ပြောဆိုသည့် စီမံကိန်းအတွက် အစောပိုင်း တည်ဆောက်မှုသည် မဖြစ်လာနိုင်ပေ။

အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ချေးငွေအား အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ရလိုသော ပါကစ္စတန်၏ မျှော်မှန်းချက်များနှင့်မတူဘဲ တရုတ်သည် စီးပွားရေးနှင့် အပေးအယူ ငွေချေးမှုအား အကြံပြုထားကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။

တရုတ်သည် ငွေချေးမှုအား စီးပွားဖြစ်နှင့် အပေးအယူ ချေးငွေများ ပေါင်းစပ်မည်ဖြစ်ကြောင်း အရင်းအမြစ်များအရ သိရသည်။

မီးရထားဝန်ကြီးဌာနသည် စီးပွားဖြစ်နှင့် အပေးအယူ နှုန်းထားကို ယူရန် စိတ်အားထက်သန်နေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၁ရာခိုင်နှုန်း နှုန်းထားကို အဆိုပြုထားကာ ပျှမ်းမျှနှုန်းထားသည် ၂.၃၈ ရာခိုင်နှုန်းထက် လျော့နည်းနိုင်ကြောင်း အရင်းအမြစ်များအရ သိရသည်။

သို့ရာတွင် ပါကစ္စတန်သည် စီမံကိန်း၏ မဟာဗျူဟာကျသော သဘာဝအလျောက် တရုတ်အနေဖြင့် အတိုးနှုန်း ၁ ရာခိုင်နှုန်းထားရှိရန်နှင့် ချေးငွေပြန်ဆပ်ရန် အတိုးမဲ့ကာလ ၁၀ နှစ်တာ သက်တမ်းအတွက် တောင်းဆိုမှုအား လက်ခံလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။

တရုတ်သည် စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ရန် နှစ်နှစ်တစ်ကြိမ် ၁၅ နှစ်မှ နှစ် ၂၀ အထိ ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်းခဲ့သည်။တရုတ်သည် အတိုးမဲ့ကာလ ငါးနှစ်သက်တမ်းကာလအား ကမ်းလှမ်းခဲ့ကြောင်း အရင်းအမြစ်များအရ သိရသည်။

ပါကစ္စတန်သည် ၉၀ ရာခိုင်နှုန်းထိ ထောက်ပံ့ရန် တောင်းဆိုထားပြီး အနှစ် ၂၀ ပြန်ဆပ်ရမည့် ကာလအား လက်ခံရန်အဆင်သင့်ဖြစ်နေကာ အတိုးမဲ့ကာလသည် ၁၀နှစ် ဖြစ်သင့်ကြောင်း အခြေအနေရှိနေသည်။

“ဘဏ္ဍာရေးအတွက် ဆွေးနွေးမှုများသည် အမေရိကန်ဒေါ်လာ ၂.၄၃၄ ဘီလီယံ ပါဝင်သော အစီအစဉ်တစ်ခု အတွက်ပဲ ဖြစ်သင့်ပြီး ကျန်သော၂ခုအတွက် ဆွေးနွေးခြင်းသည် ပထမတစ်ခု အကောင်အထည်ဖော် လုပ်ဆောင်နေစဉ်အတွင်း လုပ်ဆောင်နိုင်သည်ဟု တရုတ်ဘက်က အဆိုပြုထားသည်”ဟု တရားဝင် စာရွက်စာတမ်းများအရ သိရသည်။

ပါကစ္စတန်အာဏာပိုင်များသည် ML-1 စုစုပေါင်း စီမံကိန်း ကျသင့်ငွေအား ဆွေးနွေးရန် အလေးအနက်ထားနေသည်။ တရုတ်သည် တရုတ်ငွေကြွေး ယွမ်နှင့် ငွေကြေးထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့သည်။

 ML-1 မူဘောင် သဘောတူညီချက်အရ စီမံကိန်းအတွက် တရုတ်ကန်ထရိုက်တာများမှ အင်ဂျင်နီယာ၊ ဝယ်ယူရေးနှင့် ဆောက်လုပ်ရေးတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။ CPEC မူဘောင်အရ ML-1 သည် ကနဦး အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအဖြစ် အပြီးသတ်ဆောင်ရွက်သော တစ်ခုတည်းသော မဟာဗျူဟာကျ စီမံကိန်းဖြစ်သည်။

ဘဏ္ဍာရေးအသေးစိတ် အပြီးသတ်ရာတွင် ကြန့်ကြာမှုများကြောင့် အစီအစဉ် ၁ အား ၂၀၂၁ ဇန်နဝါရီလ တွင် စတင်လုပ်ဆောင်ရန် ပါကစ္စတန်၏ ဆန္ဒသည် ပြည့်နိုင်မည်မဟုတ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြကြသည်။

ပါကစ္စတန်သည် အစီအစဉ် ၁ အား ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၄ ဒီဇင်ဘာအတွင်း အပြီးသတ်လုပ်ဆောင်ကာ ပက်ရှဝါ၊ ရာဝါပင်ဒီနှင့် လာဟော အကြား ၅၂၇ ကီလိုမီတာ ဆောက်လုပ်ပြီးရန် စီစဉ်ထားကြောင်း စာရွက်စာတမ်းများအရ သိရသည်။

CPEC သည် တရုတ်၏ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၇၀ တို့တွင် ရင်းနှီးမြှုပ်နှံရန် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူစာဖြစ်သော One Belt, One Road initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ CPEC ၏ တစ်စိတ်တစ်ဒေသသည် ပါကစ္စတန် သိမ်းပိုက်ထားသော ကတ်ရှမီးယားကို ဖြတ်သန်းကာ အိန္ဒိယ၏ အချုပ်အခြာအာဏာအား ထိပါးနေမှုကြောင့် အိန္ဒိယသည် စီမံကန်းများအတွက် စိုးရိမ်ပူပန်ကြောင်း ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly