ကမ္ဘာတစ်လွှားက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့ ခရီးစတင်တဲ့ ဆန်တာကလော့စ်

ကမ္ဘာတစ်လွှားက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့ ခရီးစတင်တဲ့ ဆန်တာကလော့စ်
Photo - AFP

ဒီဇင်ဘာ ၂၄

ဖင်လန်နိုင်ငံ အကြီးဆုံးဒေသဖြစ်တဲ့ လက်ပ်လန်ဒေသ ရိုဗန်နီမီမြို့က ဆန်တာကလော့စ်ဟာ ကမ္ဘာ့အနှံ့က ကလေးငယ်တွေကို လက်ဆောင်ပေးဖို့ သူ့ ခရီးကို စတင်ပြီ ဖြစ်ပါတယ်။

သူ့အနေနဲ့တော့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်း အားလုံးကို သတိပေးရင်း ခရီးစထွက်လာတော့ပါ။

“အားလုံးအတွက် အရမ်းပျော်ရွင်ရတဲ့၊ ငြိမ်းချမ်းတဲ့ ခရစ္စမတ် ဖြစ်ဖို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘေးကင်းစွာ၊ ကျန်းမာစွာ နေနိုင်ဖို့လည်း ဆန္ဒပြုရင်းပေါ့။ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကို အားလုံးဟာ အရေးတကြီးလိုက်နာရမယ်ဆိုတာ သတိပေးလိုပါတယ်။”လို့ ဆန်တာကလော့စ်က ပြောပါတယ်။

“ကျွန်တော်တို့တွေ အားလုံးဟာ အလွန်ခက်ခဥတဲ့ တကယ်အချိန်ကာလကို ဖြတ်သန်းပြီး နေထိုင်နေကြရတယ်။ အထူးအချိန်ကာလကြီး တစ်ရပ်ဖြစ်ပေမယ့်လည်း ခရစ္စမတ်ရာသီဟာ အနည်းငယ် သက်သာရာ ရမယ့် မျှော်လင့်ချက်တွေ ဆောင်ကြဉ်းရပါမယ်။ အခုချိန်ဟာ ချစ်ခင်ရတဲ့ သူတွေနဲ့ အေးချမ်းသက်သာစွာ ခရစ္စမတ်ကို ကုန်ဆုံးစေမှာပါ။”လို့ သူက ပြောပါတယ်။

“ကလေးစရာတွေ၊ နည်းပညာတွေနဲ့ မျှော်လင့်ချက်တွေကြားမှာ ကလေးတွေ တော်တော်များများက မိဘတွေနဲ့အတူ အတူရှိကြဖို့ မျှော်လင့်ကြတယ်။ ခရစ္စမတ်ကို အတူဖြတ်သန်းကြရမယ့် အချိန်ပါပဲ။”ဆိုပြီး သူက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly