ဗြိတိန်မှာ အသွားအလာကန့်သတ်ချက် တိုးမြှင့်ချမှတ်

24 December 2020
ဗြိတိန်မှာ အသွားအလာကန့်သတ်ချက် တိုးမြှင့်ချမှတ်

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတကျော့ပြန်မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့တင်းကျပ်တဲ့ အသွားအလာကန့်သတ်ချက်တွေ ချမှတ်မယ်လို့ကြေညာအပြီးမှာပဲ လန်ဒန်မြို့တော်က စျေးဆိုင်တွေမှာ လူတွေ တိုးကြိတ်ပြီး စိုးရိမ်စိတ်နဲ့ ပစ္စည်းတွေ အများအပြားကို ဝယ်စုနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါစဖြစ်ချိန်ကစလို့တရက်တည်းမှာ ကူးစက်မှုအများဆုံးအဖြစ် အင်္ဂါနေ့က စံချိန်တင်သွားခဲ့ပြီး ၂၄ နာရီအတွင်း လူ ၃သောင်း ၇ ထောင်လောက် ပိုးကူးခံခဲ့ရတာပါ။ ဗြိတိန်မှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပုံမှန်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မှု မြန်တဲ့ အလျင်အမြန်ကူးစက်လွယ် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကြောင်း တွေ့ရှိတယ်လို့ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်ရှင်။  ဒီ ဗိုင်းရပ်စ် ပျံ့နှံ့ လာမှာကို စိုးရိမ်လို့ နိုင်ငံပေါင်း ၄၀ ကျော်က ဗြိတိန်နိုင်ငံကလာတဲ့ ခရီးစဉ်တွေကို ပိတ်ပင်ခဲ့ပါတယ်။ အင်္ဂါနေ့ကတော့ အာရှဒေသက စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ဗြိတိန်ကလာတဲ့ ခရီးစဉ်တွေကို ပိတ်ပင်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly