ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၀ ကျော်ထိရှိလာ

ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၀ ကျော်ထိရှိလာ

ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲကုန်ကျစရိတ် ပြန်လည်မတင်ပြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၇၀ ကျော်အထိရှိလာပြီလို့ သိရပါတယ်။

အဲဒီစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ရရှိထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈ဦးနဲ့အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ကယားပြည်နယ်မှာ ၁၁ ဦး ရှိတယ်လို့ သိရပါတယ်။

ဒီလိုရွေးကောက်ပွဲကုန်ကျစရိတ်မတင်တာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင် ကသူ့ရဲ့အမြင်ကိုပြောပါတယ်။ 

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly