ကိုဗစ်-၁၉ အဖြစ်နည်းသည့် စင်ကာပူ၌ ကာကွယ်ဆေး ထိုးနှံခံရေးမှာ တွန့်ဆုတ်မှုများ ရှိ 

ကိုဗစ်-၁၉ အဖြစ်နည်းသည့် စင်ကာပူ၌ ကာကွယ်ဆေး ထိုးနှံခံရေးမှာ တွန့်ဆုတ်မှုများ ရှိ 

 ဒီဇင်ဘာ ၂၃ ၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်ကို အံ့ဩလောက်အောင် ထိန်းချုပ်နိုင်ထားသည့် စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး ပြင်ဆင်လာခြင်းက အချို့သော သူများအတွက် ကာကွယ်ဆေး အထိုးခံသင့် မခံသင့် မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည်။ 

အာဏာပိုင်များ၏ စည်းကမ်းလမ်းညွှန်ချက်များကို ပုံမှန်အားဖြင့် လိုက်နာကြသော မြို့ပြနိုင်ငံစင်ကာပူတွင် အချို့သော ပြည်သူများမှာ ကာကွယ်ဆေး ထိုးနှံမည်ဆိုပါက အနည်းဆုံးအားဖြင့် ဆိုလျှင်တောင် ဘေးထွက်ဆိုးကျိုး ရှိလာမည်ကို စိုးရိမ်ကြသကဲ့သို့ နေ့စဉ် ကူးစက်ဖြစ်ပွားမှု မရှိသလောက်ရှိနေပြီး ကမ္ဘာတွင် သေဆုံးမှု အနိမ့်ဆုံးဖြစ်နေရာ ကာကွယ်ဆေး ထိုးနှံခံခြင်းဖြင့် ဘေးထွက်သက်ရောက်မှု အဖြစ်မခံလိုကြပေ။ 

“စင်ကာပူဟာ တော်တော်လေး ကောင်းမွန်စွာ ဆောင်ရွက်နေတာ ဖြစ်တယ်။”ဟု အသက် ၄၀ အရွယ် အစ်ရှာဝါယာခရစ်က ပြောပြီး ကာကွယ်ဆေး မထိုးလိုကြောင်း ဆိုသည်။ 

“ကာကွယ်ဆေးက အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်မတော့ သံသယရှိတယ်။”ဟု ၎င်းက ဆိုသည်။ 

ပြည်တွင်းသတင်းစာ The Straits Times က ဒီဇင်ဘာ အစောပိုင်း စစ်တမ်းကောက်ယူသူ ၄၈ ရာခိုင်နှုန်းက ကာကွယ်ဆေး ရနိုင်မည့်အချိန်ကို စောင့်မည်ဟု ပြောကြပြီး ၃၄ ရာခိုင်နှုန်းက ခြောက်လမှ ၁၂ လအထိ စောင့်ကြည့်မည်ဟု ဆိုကြသည်။ 

သို့သော ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကို မှီခိုနေရသည့် နိုင်ငံဖြစ်ပြီး လာမည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် ကျင်းပရန် ပြင်ဆင်နေခြင်းကြောင့် ကာကွယ်ဆေး၏ အကူအညီဖြင့် စီးပွားရေး ပို၍ လမ်းပွင့်အောင် အစိုးရက စိတ်အားထက်သန်နေသည်။ 

ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံရေး၌ တွန့်ဆုတ်မှု ရှိနေခြင်းနှင့် ပတ်သက်ပြီး Mount Elizabeth Hospital ဆေးရုံမှ ကူးစက်ရောဂါပညာရှင် လောင်ဟိုးနမ်က “စင်ကာပူဟာ အောင်မြင်မှုရဲ့ ဒဏ်ကို ခံရသလို ဖြစ်မှာပဲ။”ဟု ပြောခဲ့သည်။ 

ကာကွယ်ဆေးက ဘေးကင်းကြောင်း ပြသရန်အတွက် ဝန်ကြီးချုပ် လီရှန်လွန်းနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးအား ဦးစွာ အထိုးနှံခံကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required