နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦး ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိ

နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦး ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁၊ အောင်မြတ်သူ  နေပြည်တော်မှာ ၂၀၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို  ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးရဲ့ ကုန်ကျစရိတ်  စုစုပေါင်းက ကျပ်သိန်းပေါင်း ၃၅၀၀ ကျော် ရှိတယ်လို့ ပြည်ထောင်စုနယ်မြေ  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်း  ထံကနေ သိရပါတယ်။  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ရှစ်နေရာအတွက် ကိုယ်စားလှယ် စုစုပေါင်း  ၅၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် နှစ်နေရာအတွက်  ကိုယ်စားလှယ် ၁၁ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုက်ကူး/တည်ဖြတ် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly