ဝန်ထမ်းများအကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိခဲ့သည့် Amazon ၏ ကုန်သိုလှောင်ရုံကို ယာယီပိတ် 

ဝန်ထမ်းများအကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိခဲ့သည့် Amazon ၏ ကုန်သိုလှောင်ရုံကို ယာယီပိတ် 

ဒီဇင်ဘာ ၂၁

အွန်လိုင်းအရောင်းကုမ္ပဏီဖြစ်သော Amazon.com Inc သည် နယူးဂျာစီရှိ ကုန်ပစ္စည်းသိုလှောင်ရုံမှ ဝန်ထမ်းများအကြား ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ကူးစက်မှုများဖြစ်နေသည်ကို တွေ့ရှိပြီးနောက် ဒီဇင်ဘာ ၂၆ ရက်အထိ အဆိုပါသိုလှောင်ရုံကို ပိတ်လိုက်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။ 

ကမ္ဘာ့အကြီးဆုံးအွန်လိုင်းလက်လီအရောင်းဆိုင်ဖြစ်သော Amazon က ပိတ်သိမ်းမှုကြောင့် လုပ်ငန်းလည်ပတ်မှုနှင့်ပို့ဆောင်မှုများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ဆိုသည်။ 

ကုန်ပစ္စည်းများထုပ်ပိုးသည့် PNE5 သိုလှောင်ရုံတွင် ရောဂါကူးစက်ခံရသည့်ဝန်ထမ်းအရေအတွက်ကိုမူ မပြောကြားခဲ့ပေ။ သိုလှောင်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်နားရသူများကိုလည်း လုပ်ခလစာပေးအပ်သွားမည်ဟု ဆိုသည်။

ကုမ္ပဏီ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုအပေါ် ဝေဖန်သော အလုပ်သမားရှေ့နေများ၏ဖွင့်ဟချက်အရ အောက်တိုဘာက အမေရိကန်ရှိ ရှေ့တန်းအလုပ်သမားများ၏ ၁၉ ၀၀၀ ကျော် (၁.၄၄ %) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လအတွင်းက အချို့သောဝန်ထမ်းများ၊ ရွေးကောက်ခံအရာရှိများနှင့် သမဂ္ဂများ၏ ပြောဆိုချက်အရ Amazon သည် ကပ်ရောဂါကာလအတွင်း၌ ကုန်သိုလှောင်ရုံများကို ဆက်လက်ဖွင့်ထားခဲ့ခြင်းဖြင့် ဝန်ထမ်းများ၏ကျန်းမာရေးကို အန္တရာယ်ကျရောက်စေခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လ၌ တစ်နေ့လျှင် အမေရိကန်ရှိဝန်ထမ်း ၅၀ ၀၀၀ အထိ ဗိုင်းရပ်စ်စစ်ဆေးပေးသွားမည်ဟု ကုမ္ပဏီက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly