ရုရှားထောက်လှမ်းရေးဌာနဖွဲ့စည်းမှု နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ သူလျှိုတွေကို ပူတင် ဂုဏ်ပြု 

ရုရှားထောက်လှမ်းရေးဌာနဖွဲ့စည်းမှု နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ သူလျှိုတွေကို ပူတင် ဂုဏ်ပြု 
Photo - AFP

ဒီဇင်ဘာ ၂၁ 

တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံရပ်ခြားထောက်လှမ်းရေးဌာန (SVR) ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲကို သွားရောက်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံရဲ့ ရဲရင့်တဲ့သူလျှိုတွေကို ဂုဏ်ပြုကြိုဆိုကြောင်း ပြောဆိုလိုက်ပါတယ်။ 

ကပ်ရောဂါကာလအတွင်း မြို့တော်ပြင်ပမှာနေထိုင်နေတဲ့ ပူတင်ဟာ နိုင်ငံ့လုံခြုံရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အခြေအနေမှာ မော်စကိုတောင်ပိုင်းက SVR ရုံးချုပ်ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။  

SVR ဟာ  ယခင်ဆိုဗီယက်ခေတ်နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီများစွာရဲ့နိုင်ငံရပ်ခြားစစ်ဆင်ရေးတွေကို ဆက်ခံသူဖြစ်ပြီး ၁၉၂၀ ဒီဇင်ဘာ ၂၀ က ဖွဲ့စည်းခဲ့တဲ့ Cheka လျှို့ဝှက်ရဲတပ်ဖွဲ့ကနေ အစပြုခဲ့ပါတယ်။   

၁၉၉၁ ခုနှစ်မှာတော့ ရုရှားထောက်လှမ်းရေးအဖွဲ့ (KGB) ရဲ့နေရာဆက်ခံခဲ့တာဖြစ်ပါတယ်။   

ဒီဇင်ဘာ ၂၀ ဟာ ရုရှားမှာတော့ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီအပါအဝင် လုံခြုံရေးတာဝန်ထမ်းဆောင်သူအားလုံးကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။  

ကိုယ်တိုင်လည်း KGB ထောက်လှမ်းအရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပူတင်က “ပြည်တွင်းပြည်ပခြိမ်းခြောက်မှုရန်ကနေ ရုရှားကာကွယ်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ယုံကြည်စိတ်ချရပြီး ရဲရင့်တဲ့ သူတွေပါ။ ဥပဒေနဲ့နိုင်ငံအကျိုးစီးပွားကိုလိုက်နာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ထိရောက်တဲ့လုပ်ငန်းဟာ အမြဲတမ်း ရှိနေခဲ့ပြီး ရုရှားအတွက် ခြွင်းချက်မရှိ အရေးကြီးပါတယ်။ ဒါဟာ နိုင်ငံစုံလူ့အဖွဲ့အစည်းရဲ့ အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးဆုံးအာမခံချက်တွေအနက် တစ်ခုဖြစ်တယ်” လိုဆိုပါတယ်။ 

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ပူတင်က SVR ရဲ့လုပ်ရပ်တွေဟာ ကမ္ဘာနဲ့ရုရှားရဲ့ သမိုင်းကြောင်းအပေါ်လွှမ်းမိုးမှုရှိခဲ့တယ်လို့လည်း ချီးမွမ်းခဲ့ပါတယ်။ 

ရုရှားအတိုက်အခံခေါင်းဆောင် အယ်လက်ဇီနာဗယ်နင်ကို နိုဗစ်ချော့ခ် ဓာတုအဆိပ်နဲ့ လုပ်ကြံခြင်းရဲ့နောက်ကွယ်မှာ ဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FBS) အဖွဲ့ဝင်တွေရှိနေတယ်ဆိုတဲ့စွပ်စွဲချက်အပေါ်  ချေပတဲ့  စုံစမ်းစစ်ဆေးရေးအစီခံစာထွက်လာပြီးတဲ့နောက် ထောက်လှမ်းရေးအေးဂျင့်တွေကို ပူတင်က ချီးမွမ်းခဲ့ပါသေးတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly