ဂျပန်က ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ လျာထား

ဂျပန်က ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ လျာထား

ဒီဇင်ဘာ ၂၁

ဂျပန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းနေရစဉ် ကက်ဘိနက်အဖွဲ့သည်  ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် အကြီးမားဆုံးအဖြစ် ယန်းငွေ ၁၀၆.၆၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁.၀၃ ထရီလီယံ) တန်ဖိုးရှိ ဘတ်ဂျက်မူကြမ်းကို တနင်္လာနေ့တွင် အတည်ပြုလိုက်သည်။

ကိုးနှစ်ဆက်တိုက် စံချိန်တင် ဘတ်ဂျက်ချပေးမှုဖြစ်ပြီး သုံးနှစ်ဆက်တိုက်မြောက် ယန်း ၁၀၀ ထရီလီယံအထက် သတ်မှတ်ပေးခြင်းဖြစ်သည်။ နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ ထပ်မံပျက်စီးယိုယွင်းမည်ကို စိုးရိမ်မှုမြင့်တက်လျက် ဧပြီလတွင်စတင်မည့် ဘဏ္ဍာနှစ်သစ်သည် ၂၀၂၀ ခုနှစ်က ကနဦးဘတ်ဂျက်ငွေ ယမ်း ၁၀၂.၆၆ ထရီလီယံကို ကျော်လွန်မည်ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း အားကောင်းသော အသင်းအဖွဲ့ဆိုင်ရာဝင်ငွေနှင့် အခွန်နှုန်းထား မြင့်တက်မှုကြောင့် အခွန်ဘဏ္ဍာငွေများတိုးလာခဲ့ပြီး ယန်း ၅၇.၄၅ ထရီလီယံရရှိမည်ဟု မျှော်မှန်းထားသည်။ ယန်း ၅၅.၁၃ ထရီလီယံရရန်မျှော်မှန်းခဲ့သည့် ပြီးခဲ့သည့် ၂၀၂၀ ဘဏ္ဍာနှစ်ထက် ပိုမိုများသည်။ 

ဘတ်ဂျက်၏ ၄၀.၉ ရာခိုင်နှုန်းကို ကြွေးမြီစနစ်ဖြင့် ထောက်ပံ့သွားမည်ဖြစ်ပြီး လက်ရှိနှစ်တွင် ၃၁.၇ ရာခိုင်နှုန်းသာအသုံးပြုခဲ့သည်။ ဝန်ကြီးချုပ်ယိုရှီဟီဒဲဆူဂါက ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အပိုဆောင်းဘတ်ဂျက်ထပ်မံအသုံးပြုပါက ထောက်ပံ့ငွေပမာဏပိုများလာနိုင်ပေသည်။ 

ဇန်နဝါရီလ၌ ကျင်းပမည့် ပုံမှန်ပါလီမန်အစည်းအဝေးတွင် တင်ပြသွားမည့်  ကနဦး အထွေထွေစာရင်းဘတ်ဂျက်မူကြမ်းတွင် ကြွေးမြီဝန်ဆောင်မှုကုန်ကျစရိတ် ယန်း ၂၃.၇၆ ထရီလီယံလည်း ပါဝင်သည်။ 

မူဝါဒဆိုင်ရာအသုံးစရိတ်များအနက် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းဆိုင်ရာ အနာဂတ်တုံ့ပြန်မှုအတွက် ငါးထရီလီယံကို အရန်ထားမည်ဖြစ်သည်။ သက်ကြီးပိုင်းလူဦးရေများပြားလာခြင်းနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပင်စင်စရိတ်များ မြင့်တက်လာသောကြောင့် လူမှုဖူလုံရေးအသုံးစရိတ်ကို ဘတ်ဂျတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် ယန်း ၃၅.၈၄ ထရီလီယံအထိ အသုံးပြုမည်ဖြစ်သည်။

ဆိုက်ဘာနယ်ပယ်နှင့်ပြင်ပအာကာသဝန်းကျင်ကဲ့သို့သော နယ်ပယ်သစ်များတွင် စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိရာ ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၅.၃၄ ထရီလီယံခန့် အသုံးပြုရန်မျှော်လင့်ထားပြီး ပြီးခဲ့သည်နှစ်ထက် ၀.၅ ရာခိုင်နှုန်းပိုခဲ့ကာ ခုနစ်နှစ်ဆက်တိုက် စံချိန်တင် သုံးစွဲမှုဖြစ်သည်။ 

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက် ကပ်ရောဂါကြောင့် ချွတ်ခြုံကျနေသော စီးပွားရေးကို မြှင့်တင်ရေးအစီအစဉ်အဖြစ် ထပ်ဆောင်းဘတ်ဂျက် ယန်း ၅၇.၆၀ ထရီလီယံ ထပ်မံအသုံးပြုခဲ့သောကြောင့် လက်ရှိ ဘဏ္ဍာနှစ် အသုံးစရိတ်သည် မကြုံစဖူး ယန်း ၁၆၀.၂၆ ထရီလီယံအထိ ရောက်ရှိခဲ့သည်။ 

ပြီးခဲ့သည့်သီတင်းပတ်က ဝန်ကြီးချုပ်သစ်ဆူဂါ၏ ကက်ဘိနက်အဖွဲ့သည် တတိယအကြိမ် ထပ်ဆောင်းဘတ်ဂျက်ချပေးမှုကို အတည်ပြုလိုက်သောကြောင့် ၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်စုစုပေါင်းသည် ယန်း ၁၇၅.၆၉ ထရီလီယံအထိရှိမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly