သူလျှိုအရေးပေါ် - တရုတ်သည် အမေရိကန်တွင် သူလျှိုများဖြင့် ပြည့်နှက်စေ

သူလျှိုအရေးပေါ် - တရုတ်သည် အမေရိကန်တွင် သူလျှိုများဖြင့် ပြည့်နှက်စေ

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

အရေးပေါ်အခြေအနေကြောင့် ဝါရှင်တန်သည် ကျန်ရှိနေသေးသော ကောင်စစ်ဝန်ရုံး လေးခု ဖြစ်သော ချီကာဂို၊ လော့စ်အိန်ဂျလစ်၊ နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုတို့ အပါအဝင် အမေရိကန်ပြည်ထောင်စုရှိ တရုတ်၏ အခြေစိုက်စခန်းအားလုံးကို ချက်ချင်းပိတ်ပစ်သင့်ပြီး သံရုံးဝန်ထမ်းများ သိသိသာသာလျှော့ချသင့်သည်။ အမှန်မှာ သံရုံးသည် လက်ရှိ ရှိနေသော ရာပေါင်းများစွာသော ဝန်ထမ်းများအစား သံအမတ်၊ မိသားစုဝင်နှင့် အရာရှိများသာ လိုအပ်သည်။

တရုတ်၏ နယူးယောက်ကောင်စစ်ဝန်ရုံးသည်လည်း သူလျှိုအချက်အချာဖြစ်သည်။ စီအိုင်အေ တန်ပြန်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဂျိမ်းစ်အော်လ်ဆင်က“နယူးယောက်ပို့စ်ရဲ့ ဖော်ပြချက်အရ ဒီမြို့မှာ ထောက်လှမ်းရေးအရာရှိ ၁၀၀ ကျော်ရှိခန့်ရှိသည်”ဟု ခန့်မှန်းထားပြီး နယူးယောက်မြို့သည် ယခင်က မကြုံဖူးသော တိုက်ခိုက်ခြင်းခံနေရကြောင်း ပြောကြားခဲ့သည်။

ပေကျင်းသည် သူလျှိုများအား အမေရိကန်ပြည်ထောင်စုရှိ တရုတ်ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းပေးရုံမျှခြင်းလား။ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည်အချိန်ယူရကာ မည်သို့ပင်ဖြစ်စေ ဝါရှင်တန်သည် သံတမန်ရေးမဟုတ်သော တပ်စခန်းများကို ပိတ်သိမ်းရန် အမိန့်ပေးနိုင်သည်။
 
အခြားသူများကမူ တရုတ်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများသည် ကောင်စစ်ဝန်၏ အထောက်အပံ့လိုအပ်သည်ဟု ပြောလိမ့်မည်။ မှန်ပါပေသည်။ ကျွန်ုပ်တုန့်ပြန်သည်မှာ အမေရိက၏ ကုမ္ပဏီများကို ကိုယ်ကျင့်တရားနှင့် အခြားသောအကြောင်းပြချက်များကြောင့် ထိုနိုင်ငံမှထုတ်ယူရန် အမေရိကန်၏ စိတ်ဝင်စားမှုဖြစ်သည်။ ကောင်စစ်ဝန်၏ အထောက်အပံ့ဆုံးရှုံးခြင်းသည် လျှင်မြန်စွာ အထုတ်ပြင်ရန် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်လိမ့်မည်။

အမေရိကန်ပြည်ထောင်စု၏ ကယ်လီဖိုးနီးယား ဒီမိုကရက်တစ်ကိုယ်စားလှယ် အဲရစ်စွာဝဲလ်နှင့် ပတ်သတ်၍ ယခုလအတွင်း ဖွင့်ပြချက်များသည် ပေကျင်း၏ အမေရိကန် လူ့အဖွဲ့အစည်းအပေါ် အပြည့်အဝထိုးဖောက်ဝင်ရောက်လာမှုကို မီးမောင်းထိုးပြသည်။

တရုတ်၏လွှမ်းမိုးမှု၊ ထောက်လှမ်းရေးနှင့် စိမ့်ဝင်ထိုးဖောက်ရန် ကြိုးပမ်းမှုများသည် အမေရိကကိုလွှမ်းမိုးလျက်ရှိသည်။ အရေးပေါ်အခြေအနေအရ ဝါရှင်တန်သည် ကျန်ရှိနေသေးသောကောင်စစ်ဝန်ရုံးလေး ခု အပါအဝင် အမေရိကန်ပြည်ထောင်စုရှိ တရုတ်နိုင်ငံ၏အခြေစိုက်စခန်းအားလုံးကိုချက်ချင်းပိတ်သိမ်းသင့်သည်။
 
စွာဝဲလ်နှင့်ပတ်သက်သောသတင်း၏ အထူးခြားဆုံးအချက်မှာ သံသယရှိ တရုတ်နိုင်ငံတော် လုံခြုံရေး အေးဂျင့် Christine ဟုလူသိများသော ဖန်ဖန်သည် သူသည် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွင် ရှိစဉ်မဟုတ်ဘဲ ကယ်လီဖိုးနီးယား ဒက်ဘလင်မြို့ ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့စဉ်က စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ဖန်ဖန်သည် သူ့နောက်သို့ လိုက်ပါကာ သူ၏ အသက်မွေးဝမ်းကြောင်းအား တိုးတက်စေခဲ့ကာ သူသည် အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး တရုတ်အတွက် အကျိုးရှိ ကော်မတီတစ်ခုတွင် တာဝန်ယူခဲ့သည်။
 
တရုတ်အနေဖြင့် အမေရိကန်တွင် နိုင်ငံရေးနှင့် ၎င်းအတွက် အရေးကြီးသော အခြားကဏ္ဍများရှိ အမေရိကန်များအား ရှာဖွေဖော်ထုတ်ခြင်း၊ ဖြည့်တင်းခြင်း၊ ထောက်ပံ့ခြင်း၊ လွှမ်းမိုးခြင်း၊ ပူးပေါင်းခြင်းနှင့် အကျင့်ပျက်ခြစားမှုတို့ကို လုပ်ဆောင်နေသော ရာပေါင်း ထောင်ပေါင်းများစွာသော အေးဂျင့်များရှိနေနိုင်သည်။

စွာဝဲလ်နှင့် လက်တွဲလုပ်ဆောင်ရန်နှင့် ရှာဖွေဖော်ထုတ်ရန် တရုတ်စုဆောင်းသူများသည် ရာပေါင်း ထောင်ပေါင်းများစွာ ရှိနေနိုင်သည်။ ကယ်လီဖိုးနီးယားမှ ကွန်ဂရက်သို့ ပြန်လာသူ ရစ်ပတ်ဘလီကန်အမတ် ဒါရဲလ်အီဆာက “တရုတ်က လုပ်ဆောင်ထားတဲ့ သူလျိုလို ပြုမူနေတဲ့ လူ ရာထောင်ပေါင်းများစွာရှိတယ်”ဟု ဒီဇင်ဘာ ၁၁ရက်နေ့တွင် Fox News သို့ ပြောကြားခဲ့သည်။

အရေးမကြီးဟု ထင်ရသော သတင်းအချက်အလက်များကို စုဆောင်းကာ တရုတ်ပြည်သို့ ပြန်လာသည့် ကျောင်းသားများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမျိုးသမီးများအား တွေ့ဆုံမေးမြန်းခြင်းများ ပြုခြင်းဖြင့် နည်းလမ်းများစွာဖြင့်ချဉ်းကပ်နေသည်။ သို့ရာတွင် ပေကျင်းသည် စုဆောင်းထားသည့် အချက်အလက်များကို ၎င်း၏ကြီးထွားလာသော ဉာဏ်ရည်တုနှင့် အခြားစွမ်းရည်များနှင့် ပေါင်းစပ်အသုံးပြုနိုင်သည်။
 
ဖန်သည် သတင်းအချက်အလက်များအား ပေါ့ပေါ့ပါးပါးစုဆောင်းသူ တစ်ဦးထက် ပိုသည်။ သူသည် သူမနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသည်ဟူသော စွပ်စွဲချက်များအား ငြင်းဆန်ထားခြင်း မရှိသေးသော စွာဝဲလ်အား ‘ပျားရည်ထောင်ချောက်’နှင့် ဖမ်းခဲ့ခြင်း ဖြစ်နိုင်သည်။ ဖန်သည် ၂၀၁၁ ဝန်းကျင်တွင် Cal State University East Bay တွင် ကျောင်းတက်ရန် အမေရိကန်လို့ လာရောက်ခဲ့သည်။ သူမသည် ၎င်းတွင် အာရှပစိဖိတ်ကျွန်းအမေရိကန်ပြည်သူ့ရေးရာအဖွဲ့၏ ဒေသအဖွဲ့ဖြစ်သော နိုင်ငံရေးအဖွဲ့တစ်ခုအား လုပ်ဆောင်ခဲ့သည်။ ယခုတွင် အမေရိကန် ကောလိပ်နှင့် တက္ကသိုလ်များတွင် တရုတ်ကျောင်းသား ၃၇၀,၀၀၀ ဦးခန့် ရှိသည်။ ဆယ်စုနှစ်အတွင်း တရုတ်ကျောင်းသားဦးရေသည် သုံးဆ ဖြစ်လာခဲ့သည်။
 
ကျောင်းသားတစ်ဦးချင်းစီသည် အလားအလာရှိသော အေးဂျင့်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အားလုံးသည် အမေရိကန်အား ဆန့်ကျင် သူလျှိုပြုရန် တရားဥပဒေအရ အတင်းအကျပ်ခိုင်းစေမှု ကြောင့်ဖြစ်သည်။ ၂၀၁၇ခုနှစ် တရုတ်နိုင်ငံတော်ထောက်လှမ်းရေးဥပဒေ အပိုဒ် ၇ နှင့် ၁၄ တို့အရ တရုတ်နိုင်ငံသား အားလုံးသည် လိုအပ်လာပါက သူလျှိုလုပ်ရန်လိုအပ်သည်။ ထိုအပြင် ကွန်မြူနစ်ပါတီ၏ အထက်မှ အောက် စနစ်အရ တရုတ်နိုင်ငံသား မည်သူမှ သူလျှိုလုပ်ရန် သို့မဟုတ် အခြားလုပ်ဆောင်မှု တစ်ခုခုလုပ်ရန် တောင်းဆိုမှုကို ငြင်းဆန်ခွင့်မရှိပေ။

တရုတ်သည် ထောက်လှမ်းရေးများစုဆောင်းရန်နှင့် သံတမန်ဆိုင်ရာအဆောက်အအုံများကို အသုံးပြု၍ ၎င်းတို့အားကိုင်တွယ်ရန်အတွက် ၎င်း၏နိုင်ငံသားများကို စနစ်တကျအသုံးချနေသည်မှာ အံ့သြစရာမဟုတ်ပါ။ ဥပမာအားဖြင့် ဖန်သည် ဆန်ဖရန်စစ္စကို ကောင်စစ်ဝန်ရုံးအခြေစိုက် နိုင်ငံတော်လုံခြုံရေဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖြစ် သံသယရှိသော သံတမန်တစ်ဦးနှင့် ဆက်သွယ်ခဲ့သည်။

ထိုကောင်စစ်ဝန်ရုံးက FBI မှ အလိုရှိသော ဝရမ်းပြေးကိုပင် ဖွက်ထားပေးခဲ့သည်။ Tang Juan သည်

လွန်ခဲ့သော တစ်လက လွတ်ရာသို့ ထွက်ပြေးအပြီး ဇူလိုင် ၂၄ ရက်က အမေရိကန်ပြည်ထောင်စုအာဏာပိုင်များထံ  အဖမ်းခံခဲ့သည်။ သူမသည် ကယ်လီဖိုးနီးယား ဒါဗစ်တက္ကသိုလ်မှ ဇီဝဗေဒဆိုင်ရာသုတေသီတစ် ဦးအဖြစ် လုပ်ကိုင်စဉ် တရုတ်စစ်တပ်နှင့် အဆက်အသွယ်များကို ဖုံးကွယ်ထားသည်ဟု သံသယရှိသူဖြစ်သည်။

ဇူလိုင်လတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်၏ ဟူစတန်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် အမိန့်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွမ်ပီယိုက “ဒီနေရာက သူလျှိုတွေ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု ခိုးယူမှုတွေရဲ့ အချက်အချာဖြစ်တယ်”ဟု ဆိုခဲ့သည်။ ကောင်စစ်ဝန်ရုံးသည် အခြားအရာများအကြား ရေနံတူးဖော်မှုကို တရားမဝင်ရယူရန် အသုံးပြုခဲ့သည်ဟု ထင်မြင်မှုများရှိသည်။

တရုတ်၏ နယူးယောက်ကောင်စစ်ဝန်ရုံးသည်လည်း သူလျှိုအချက်အချာဖြစ်သည်။ စီအိုင်အေ တန်ပြန်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဂျိမ်းစ်အော်လ်ဆင်က“နယူးယောက်ပို့စ်ရဲ့ ဖော်ပြချက်အရ ဒီမြို့မှာ ထောက်လှမ်းရေးအရာရှိ ၁၀၀ ကျော်ရှိခန့်ရှိသည်”ဟု ခန့်မှန်းထားပြီး နယူးယောက်မြို့သည် ယခင်က မကြုံဖူးသော တိုက်ခိုက်ခြင်းခံနေရကြောင်း ပြောကြားခဲ့သည်။

ထိုထောက်လှမ်းရေးအရာရှိများသည် နယူးယောက်ကောင်စစ်ဝန်ရုံး၊ ကုလသမ္မဂ တရုတ်မစ်ရှင်များမှတစ်ဆင့် ဆောင်ရွက်နေကြကြောင်း ပွမ်ပီယိုက New York သတင်းစာသို့ ပြောကြားခဲ့သည်။

တရုတ်အေးဂျင့်များသည် အမေရိကန်ဥပဒေစိုးမိုးရေးအား လွှမ်းမိုးနေသည်။ ဟတ်ဆန်အင်စတီကျုမှ ကမကထပြုလုပ်သော အခမ်းအနားတွင် FBI ဒါရိုက်တာ Christopher Wray က “ဗျူရို၏ တန်ပြန်ထောက်လှမ်းရေး အမှုများ၏ တစ်ဝက်နီးပါးမှာ တရုတ်အကြောင်းသာဖြစ်သည်။ FBI သည်လည်း တရုတ်နဲ့ ဆက်စပ်တဲ့ တန်ပြန်ထောက်လှမ်းရေးအမှုကို ၁၀နာရီတိုင်း တစ်ခါ ဖွင့်ရတယ်”ဟု ဆိုခဲ့သည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် Wary သည် အထက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီရှေ့မှောက်၌ “တရုတ်သည် နိုင်ငံတစ်ဝှမ်း FBI ရုံးခွဲများအားလုံး နီးပါးတွင် တွေ့နိုင်သော သမာရိုးကျမဟုတ်သော စုဆောင်းသူများ အထူးသဖြင့် ပညာရေးအပိုင်းတွင် ပါမောက္ခများ၊ သိပ္ပံပညာရှင်များ၊ ကျောင်းသားများအား အသုံးပြုနေသည်”ဟု ဆိုခဲ့သည်။

တစ်ခါတစ်ရံတွင် သံတမန်များသည် သူလျှိုပြုခြင်းတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည်။ စကော်လာများအတွက် Woodrow Wilson အပြည်ပြည်ဆိုင်ရာစင်တာမှ Anastasya Lloyd-Damnjanovic ၏ လေ့လာချက်စာစောင်တွင် “သူတို့သည် ထောက်လှမ်းရေးစုဆောင်းမှုနှင့် ကိုက်ညီသော ပုံစံအတိုင်း သတင်းအချက်အလက်အတွက် လိုအပ်သည်များနှင့် ဝန်ထမ်းများအား ရှာဖွေနေသည်”ဟု ‌ပါရှိသည်။

CIA ဌာန အကြီးအကဲဟောင်း Dan Hoffmanမှ Fox News Harris Faulkner သို့ ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားချက်အရ တရုတ်သည် ဒေသအား လွှမ်းမိုးနေပြီ ဖြစ်သည်။

ဤသူလျှို -များပြားမှု အရေးပေါ်အခြေအနေကို ဖြေရှင်းရန်နည်းလမ်းတစ်ခုမှာ အမေရိကန်ပြည်ထောင်စုရှိ တရုတ်၏စစ်ဆင်ရေး အခြေစိုက်များအား ပိတ်ပစ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပေကျင်း၏ ကျန်ရှိနေသေးသော ကောင်စစ်ဝန်ရုံး ၄ ခုဖြစ်သော ချီကာဂို၊ လော့စ်အိန်ဂျလစ်၊ နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုတို့ကိုပိတ်ခြင်းနှင့် သံရုံးဝန်ထမ်းများ သိသိသာသာလျှော့ချခြင်းဖြစ်သည်။ အမှန်မှာ သံရုံးသည် လက်ရှိ ရှိနေသော ရာပေါင်းများစွာသော ဝန်ထမ်းများအစား သံအမတ်၊ မိသားစုဝင်နှင့် အရာရှိများသာ လိုအပ်သည်။

သံရုံးဝန်ထမ်းများအား အမြစ်ပြတ် ဖယ်ထုတ်နေစဉ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် လက်ရှိသံအမတ် Cui Tiankai ကို ထုတ်ပယ်သင့်သည်။ သူနှင့် နယူးယောက်ကောင်စစ်ဝန်ရုံးမှတစ်ဦးသည် Connecticut ရှိ သိပ္ပံပညာရှင်တစ်ဦးကို သူလျှိုအဖြစ်ခန့်အပ်ရန်ကြိုးစားခဲ့သည်။

ဝါရှင်တန်သည် ဘေဂျင်းအား အခြားသံအမတ်တစ်ဦး ပို့နိုင်သည်ဟု ပြောနိုင်သည်။ သို့သော် မသင့်လျော်သောအပြုအမူ မြင်လျင်မြင်ချင်း ထုတ်ပယ်ခံရမည်ဖြစ်ကြောင်း တရုတ်အား သတိပေးသင့်သည်။

ပေကျင်းသည် သူလျှိုများအား အမေရိကန်ပြည်ထောင်စုရှိ တရုတ်ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းပေးရုံမျှခြင်းလား။ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည်အချိန်ယူရကာ မည်သို့ပင်ဖြစ်စေ ဝါရှင်တန်သည် သံတမန်ရေးမဟုတ်သော တပ်စခန်းများကို ပိတ်သိမ်းရန် အမိန့်ပေးနိုင်သည်။ ဤကိစ္စတွင် သမ္မတ ထရမ့်သည် ကုန်သွယ်ရေး၊ ရင်းနှင်းမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများအား သူလျှိုပြုရန် အသုံးပြုနေသော စစ်အစိုးရနှင့် ထိုဆက်ဆံရေးများ ရပ်တန့်ရန် ၁၉၁၇ခုနှစ် ရန်သူနှင့်ကုန်သွယ်ခြင်း အက်ဥပဒေ နှင့် ၁၉၇၇ခုနှစ် အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွားရေးအင်အားများ အက်ဥပဒေအား အသုံးပြုနိုင်သည်။

တရုတ်သည် အမေရိကန် ကောင်စစ်ဝန်ရုံးများ ပိတ်ပစ်ခြင်းနှင့် ပေကျင်းရှိ သံရုံးဝန်ထမ်းလျော့ချခြင်း တို့ဖြင့် တုံ့ပြန်ပေလိမ့်မည်။ အမေရိကန်သော တံခါးဖွင့် လူ့အဖွဲ့အစည်းဖြစ်ပြီး တရုတ်သည် တံခါးပိတ်ဖြစ်နေသောကြောင့် တရုတ်များမှ အမေရိကန်တွင် ရှိသည့် သံတမန်ရေးရုံးများထက် ဝါရှင်တန်သည် တရုတ်တွင် ရုံးများရှိရန် ပိုမိုလိုအပ်မည်ဟု လေ့လာသုံးသပ်သူများက ဆိုပေလိမ့်မည်။

၎င်းသည် ခိုင်မာသော ပြောဆိုချက်ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အမေရိကန်သည် ၎င်းသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လုံးဝဆုံးဖြတ်ထားကြောင်း ပေကျင်းအား ပြသရမည်ဖြစ်သည်။
ကြီးမားစွာ ထိခိုက်ခံရရန် ဆန္ဒရှိခြင်းထက် ‘နိုင်ငံရေးဆန္ဒ’ဆိုသည်ကို မည်သူမျှ မပြောပေ။

အခြားသူများကမူ တရုတ်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများသည် ကောင်စစ်ဝန်၏ အထောက်အပံ့လိုအပ်သည်ဟု ပြောလိမ့်မည်။ မှန်ပါပေသည်။ ကျွန်ုပ်တုံ့ပြန်သည်မှာ အမေရိက၏ ကုမ္ပဏီများကို ကိုယ်ကျင့်တရားနှင့် အခြားသောအကြောင်းပြချက်များကြောင့် ထိုနိုင်ငံမှထုတ်ယူရန် အမေရိကန်၏ စိတ်ဝင်စားမှုဖြစ်သည်။ ကောင်စစ်ဝန်၏ အထောက်အပံ့ဆုံးရှုံးခြင်းသည် လျှင်မြန်စွာ အထုတ်ပြင်ရန် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်လိမ့်မည်။

တရုတ်သူလျှိုများသည် အမေရိကန်တွင် အလွန်အကျွံများပြားစွာရှိနေပြီး ပြတ်သားမှုနည်းပါးသော အစီအမံများသည်ကျရှုံးခဲ့သည်။ ထို့ကြောင့် အကျိုးရှိသော အရာတစ်ခုခု လုပ်ရန် အချိန်ကျပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required