အိန္ဒိယ ဘင်္ဂလားဒေ့ရှ်အကြား ဆက်သွယ်မှု တိုးမြှင့်ခြင်း - ၅၅နှစ်ကြာပြီးနောက် အိမ်နီးချင်းနိုင်ငံအကြား ရထားလမ်းကြောင်း ပြန်လည်ဖွင့်ရန်ရှိ

By India Blooms News Service
18 December 2020
 အိန္ဒိယ ဘင်္ဂလားဒေ့ရှ်အကြား ဆက်သွယ်မှု တိုးမြှင့်ခြင်း - ၅၅နှစ်ကြာပြီးနောက် အိမ်နီးချင်းနိုင်ငံအကြား ရထားလမ်းကြောင်း ပြန်လည်ဖွင့်ရန်ရှိ

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆက်ဆံရေး ၅၅ နှစ်ကြာခန့် ကွာဟမှုများအပြီး ကြာသပတေးနေ့တွင် အိမ်နီးချင်းနိုင်ငံများအကြား ရထားလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ခြင်းအားဖြင့် ဆက်ဆံရေးသမိုင်းသစ်ရေးသွားမည်ဖြစ်သည်။

၁၉၆၅ခုနှစ် အိန္ဒိယနှင့် အရှေ့ပါကစ္စတန်အကြား ရထားလမ်း ပြတ်တောက်မှုကြောင့် Haldibari(အနောက်ဘင်္ဂလား)မှ Chilahati(ဘင်္ဂလားဒေ့ရှ်)ထိ ရထားလမ်းသည် အသုံးမပြုတော့ကြောင်း Economic Times ကတင်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နှင့် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့သည် ၅၅နှစ်ကြာ ကွာဟမှုများအပြီး  ကြာသပတေးနေ့တွင် ထိုရထားလမ်းအား ပြန်လည်ဖွင့်နိုင်မည်ဖြစ်ကြောင်း Indian newspaper က တင်ပြထားသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သည် ရထားလမ်းဆက်သွယ်မှုကို တိုးမြှင့်နိုင်ရန်အတွက် အရေးပါသော ရထားလမ်းစီမံကိန်းများ တည်ဆောက်ခြင်းနှင့် ဘင်္ဂလားဒေရှ်နှင့် ရထားလမ်းဟောင်းများ ပြန်လည်တည်ဆောက်ခြင်းတို့ဖြင့် ပူးတွဲလုပ်ဆောင်နေကြောင်း သတင်းစာကဖော်ပြခဲ့သည်။

ဤပဏာမခြေလှမ်းအနေဖြင့် Broad Gauge (BG) စက်ခေါင်း ၁၀ခုကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးခဲ့ပြီး ရထားလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို စတင်ခဲ့ကာ အချိန်နှင့်ကုန်ကျစရိတ်များကိုလျှော့ချခဲ့သည်။
တစ်ချိန်တည်းတွင် အိန္ဒိယဝ န်ကြီးချုပ် Narendra Modi နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina တို့အကြား Virtual ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာလ ၁၇ ရက်တွင်ကျင်းပမည်ဖြစ်သည်။

“ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦးက COVID အလွန် ကာလ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းစေခြင်းအပါအဝ င် နှစ်နိုင်ငံဆက်ဆံရေးအကဏ္ဍ တစ်ခုလုံးနှင့် ပတ်သက်ပြီး ပြည့်စုံတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်” ဟုနိုင်ငံခြားရေးဝ န်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ပါရှိသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သည် ပုံမှန်အပြန်အလှန် ဆက်သွယ်မှုများကို အမြင့်ဆုံးအဆင့်တွင် ဆက်လက်ထိန်းသိမ်းထားသည်။ ၀ န်ကြီးချုပ် Sheikh Hasina သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယသို့ တရားဝင် အလည်အပတ်ခရီး သွားလာခဲ့သည်။

ဝန်ကြီးချုပ် နရန်ဒါ မိုဒီသည် ၂၀၂၀ မတ်လတွင် မူဂျစ် ဘော်ရှို သမိုင်းဝင်အခါသမယတွင် ဗီဒီယိုသတင်းစကားပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးစလုံးသည် COVID ကူးစက်မှု ကာလအတွင်း ပုံမှန် ဆက်သွယ်နေကြောင်း MEA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required