ဂုဏ်သိက္ခာနဲ့  အရှက်တရားအတွက် ရဲတပ်ဖွဲ့ကို တရားစွဲဆိုဟု ဗစ်တိုးရီးယားအမှု စွပ်စွဲခံ  ကိုအောင်ကြီး ပြော

ဂုဏ်သိက္ခာနဲ့  အရှက်တရားအတွက် ရဲတပ်ဖွဲ့ကို တရားစွဲဆိုဟု ဗစ်တိုးရီးယားအမှု စွပ်စွဲခံ  ကိုအောင်ကြီး ပြော

နေပြည်တော်၊ ဒီဇင်ဘာ၁၈၊ အောင်မြတ်သူ  နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ် လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်ခံရတဲ့အမှုမှာ ရဲတပ်ဖွဲ့က တရားခံအဖြစ် စွပ်စွဲခံရသူ  ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးက အမှုဖြစ်ပြီး နောက်ပိုင်းမှာ  ဖြစ်ခဲ့ရတဲ့ အရှက်တရား၊ ဂုဏ်သိက္ခာ၊ သိမ်ငယ်မှုတွေအတွက် ရဲတပ်ဖွဲ့ကို  တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။  ဗစ်တိုးရီးယား ကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှုမှာ  ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့က တရားခံအဖြစ်  စွပ်စွဲခံရပြီးတဲ့နောက်ပိုင်း ခြောက်လခန့် အချုပ်ထဲကနေ  တရားရင်ဆိုင်ခဲ့ရတာပါ။

ရိုက်ကူး /တည်းဖြတ် - အောင်မြတ်သူ

တင်ဆက် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly