ကျွန်းစုမြို့နယ်အတွင်း ကမ်းခြေတစ်ခုတွင် သေဆုံးနေသည့် ဝေလငမန်း ၁ ကောင် တွေ့ရှိ

ကျွန်းစုမြို့နယ်အတွင်း ကမ်းခြေတစ်ခုတွင် သေဆုံးနေသည့် ဝေလငမန်း ၁ ကောင် တွေ့ရှိ

ကျွန်းစုမြို့နယ် ဝဲကျွန်းကျေးရွာ အရှေ့ ပဲ့ကလက်စခန်းအနီးက သဲသောင်ပြင် ကမ်းခြေမှာ သေဆုံးနေတဲ့ ဝေလ ငမန်း (Whale ဝေးရှပ် Shark) (ဒေသခံ အခေါ် ဝစီပျောက်) ငါးကြီး တစ်ကောင်ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ဒေသခံ ‌ရေလုပ်သားတွေ တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနက သွားရောက် စစ်ဆေးခဲ့ပါတယ်။အဲ့ ငါး သေဆုံး နေတာဟာ တစ်ပတ် နီးပါးခန့် ရှိနေပြီ ဖြစ်ပြီး၊ အရွယ် အစားမှာ အရှည် ၂၆ ပေနဲ့ လုံးပတ် ၁၂ ပေ ရှိတယ်လို့ ကျွန်းစုမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

တည်းဖြတ်/တင်ဆက် - ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly