အမေရိကန်နဲ့ ဥရောပသမ္မဂရဲ့ ပိတ်ဆို့အရေးယူမှုတွေက အာဒိုဝန်ကို နာခံလာစေမှာလား ဒါမှဟုတ် ပိုပြီး ဖီဆန်လာစေမှာလား?

အမေရိကန်နဲ့ ဥရောပသမ္မဂရဲ့ ပိတ်ဆို့အရေးယူမှုတွေက အာဒိုဝန်ကို နာခံလာစေမှာလား ဒါမှဟုတ် ပိုပြီး ဖီဆန်လာစေမှာလား?

ဒီဇင်ဘာ ၁၇ ၊ ၂၀၂၀

ပြီးခဲ့သောအပတ်သည် တူရကီ၏ မောက်မာထောင်လွှားသော သမ္မတရာဂျစ်တာယက်အာဒိုဂန်အတွက် အမေရိကန်နှင့် ဥရောပသမ္မဂတို့သည် သူ၏ များပြားသော ဆိုးဝါးသည့် အပြုအမူများအတွက် ပိတ်ဆို့အရေးယူဆောင်ရွက်မှုများ ပြုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် အဆိုးဆုံးများထဲမှ တစ်ခုဖြစ်လာသည်။

အမေရိကန်ကွန်ဂရက်သည် တူရကီအား ရရှားမှ အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံတန် S-400 စနစ်အား ဝယ်ယူခြင်းကြောင့် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း Countering America's Adversaries Through Sanctions (Caatsa) အက်ဥပဒေအား ကွန်ဂရက်နှစ်ရပ်စလုံးတွင် မဲများစွာဖြင့် အတည်ပြုခဲ့သည့် ၂၀၁၇ မှ စ၍ လုပ်ဆောင်လာသည့်နည်းတူ ပိတ်ဆို့အရေးယူမှုအား ကန့်ကွက်မည့်ပုံမပေါ်ပေ။

ရိုက်တာသတင်းတစ်ပုဒ်အရ စီမံချက်သည် တူရကီကာကွယ်ရေးညွှန်ကြားမှုဦးစီးချုပ် အစ္စမေးလ်ဒီမီရာနှင့် ဌာနများအားလုံးကို ပစ်မှတ်ထားပြီး အခြားနိုင်ငံများသို့ အဆင့်မြင့်လက်နက် မှာယူရောင်းချမှုများအား ဟန့်တားနေသည်။
 
အန်ကာရာသည် မြေပြင်မှဝေဟင်ပစ် S-400 ကာကွယ်ရေးစနစ်များသည် NATO စနစ်များသို့ ပေါင်းလာမည်မဟုတ်ဘဲ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်မလာနိုင်ကြောင်း အခိုင်အမာပြောဆိုနေသော်လည်း အမေရိကန်ဆိုင်ရာ NATO သံအမတ်ကြီး ကေးဘိုင်လီဟတ်ချီစန်က မကြာသေးမီက မဟာမိတ်များနှင့် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် “ရရှားလုပ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို မဟာမိတ်တွေကြား ထည့်သွင်းမယ့် အကြံက မဟုတ်သေးဘူး။ တူရကီအနေနဲ့ ဒီဒုံးကျည်ကာကွယ်ရေးစနစ်ကို မစတင်ခင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေနဲ့ ကျွန်တော်တို့ မဟာမိတ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လိုထိခိုက်လာမလဲဆိုတာကို နားလည်းဖို့ မျှော်လင့်တယ်”ဟု ပြောခဲ့သည်။
 
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု သတင်းအား သမ္မတ အာဒိုဝန်က တုံ့ပြန်ရာတွင် ပိတ်ဆို့အရေးယူမှုသည် NATO အတွက် အရေးကြီးသော မဟာမိတ်အပေါ် မလေးစားခြင်းဖြစ်ကြောင်းနှင့် လာမည့်လာအတွင်း အမေရိကန်အစိုးရအသစ် အာဏာလွှဲပြောင်းအပြီး ပြောင်းလဲလာမှုများကို စိတ်ရှည်စွာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သ်ည။

ပြီးခဲ့သောအပတ် အပြင်းအထန်ဆွေးနွေးမှုများအပြီးတွင် ဥရောပသမ္မဂကောင်စီသည် ဆိုက်ပရက်စ်နှင့် ဂရိရှိ EEZ ဓာတ်ငွေ့တူးဖော်မှုတွင်ပါဝင်သော တူရကီအရာရှိများနှင့် အဖွဲ့အစည်းများအား ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး NATO နှင့် အမေရိကန်တို့နှင့် ဆွေးနွေးအပြီးတွင် လက်နက်တင်ပို့မှုနှင့် အခွန်စည်းကြပ်မှုများ ဆောင်ရွက်ရန်အား ရွှေ့ဆိုင်းခဲ့သည်။

ဥရောပသမ္မဂခေါင်းဆောင်များမှ ထုတ်ပြန်သော ကြေငြာချက်သည် ဥရောပအတွင်း တူရကီ၏ ကမ္ဘာလုံးဆိုင်ရာအနေအထားအပေါ် မကျေနပ်ချက်များအား အာရုံစိုက်လာစေပြီး ၎င်းသည် “ကုလသမ္ဂအား ဆန့်ကျင်သော ဆိုးဝါးသည့်အပြောအဆိုများနှင့် တစ်ဖက်သတ်လုပ်ဆောင်မှုများ ရန်စမှုများတွင် ပါဝင်ကြောင်း”ရေးသားထားသည်။

အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုသို့ ဗီဒီယိုမက်ဆေ့တစ်ခုတွင် အာဒိုဝန်သည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအား ရည်ညွှန်း၍  “ဥရောပသမဂ္ဂသည် ၎င်း၏မဟာဗျူဟာ အမြင်အာရုံကွယ်မှုကို ဖယ်ရှားပစ်သင့်ပြီး၊ အရှေ့မြေထဲပင်လယ်ရှိ ဂရိဆိုက်ပရပ်စ် သို့မဟုတ် ဂရိ၏ ကြိုးကိုင်ခြယ်လှယ်မခံသင့်ကြောင်း” ပြောကြားခဲ့သည်။

မှတ်သားသင့်သည်မှာ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများသည် အတော်အတန်ပျော့ပြောင်းသည်။ သို့သော် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့်အတူ သူတို့သည် အလုပ်အကိုင်များ ဖန်တီးနိုင်မည့် အလားအလာရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုခြိမ်းခြောက်ခြင်း၊ တူရကီနိုင်ငံ၏ ဆိုးရွားလှသော ငွေကြေးသယံဇာတများကို ဖြည့်တင်းခြင်းနှင့် ကြွေးမြီများနှင့် ငွေကြေးဖောင်းပွမှု ဝန်ထုပ်များကို လျှော့ချခြင်းအားဖြင့် တူရကီစီးပွားရေးကို ပိုမိုဖိအားပေးလာခဲ့သည်။ ယခုနှစ်တွင် ၂၅% ဆုံးရှုံးသွားသော တူရကီလိုင်ရာသည် လာမည့်ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ အစီရင်ခံစာများထွက်ပေါ်လာအပြီး ၁.၅ ရာခိုင်နှုန်းကျဆင်းသွားသည်။

အာဒိုဝန်၏ စဉ်ဆက်မပြတ် ရန်စမှုများ ရှိနေသော်လည်း ဥရောပသမ္မဂခေါင်းဆောင်များမှ ပိတ်ဆို့အရေးယူရန် တွန့်ဆုတ်နေမှု၏ အကြောင်းအရင်းမှာ ဥရောပဘဏ္ဍရေး အဖွဲ့အစည်းများသည် တူရကီစီးပွားရေးပြိုလဲသွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ဂျာမန်သတင်းစာ Die Welt က စပိန်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ တူရကီပြိုလဲမှုနှင့် ထိတွေ့မှုမှာ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံဖြစ်သည်ဟု ရေးသားခဲ့သည်။ ပြင်သစ်ဘဏ်များအတွက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ၊ ဗြိတိန်ဘဏ်များအတွက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ၊ ဂျာမန်ဘဏ်များအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် အီတလီဘဏ်များအတွက် အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံရှိသည်။ ဆိုလိုသည်မှာ ဥရောပသမ္မဂ ၅နိုင်ငံမှ ငွေချေးသူများသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၂၂.၇ ဘီလီယံအရှုံးပေါ်နိုင်သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည်  လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း ကွန်ဂရကအတွင်း ပိတ်ဆို့အရေးယူမှုများအား ကန့်ကွက်လာသကဲ့သို့ ယခုအချိန်တွင် မကန့်ကွက်ခြင်းသည် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်အတွက် ပြဿနာများစွာအား ချန်ထားပေးလိုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဘိုင်ဒန်သည် အာဒိုဝန်အပေါ် မနှစ်မြို့မှုအား မကွယ်ဝှက်ထားပဲ သူသည်ကတ်ဒ်လူမျိုးအပေါ် ထားရှိသည့်သဘောထားနှင့် နိုင်ငံအသီးသီးရှိ လုပ်ရပ်များကြောင့် သူဖန်တီးခဲ့သောပြဿနာများအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘိုင်ဒန်သည် တူရကီအား အနောက်ဘက်သို့ ပြန်လည်ရောက်ရှိစေလိုပြီး အာဒိုဂန်အား ရုရှားနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းမှ တားဆီးစေလိုသည်။
 
အမေရိကန်ရှိ နိုင်ငံခြားရေးမူဝါဒသုတေသနအင်စတီကျု သုတေသနဒါရိုက်တာ အေရွန်စတိန်းက အန်ကာရာသည် S-400 နှင့် စပ်လျဉ်း၍ နောက်ပြန်ဆုတ်နိုင်ချေမရှိကြောင်းနှင့် “ဘိုင်ဒန်အစိုးရသည် အလွန်ဒေါသထွက်နေသော ကွန်ဂရက်နှင့်အတူ ကိစ္စတစ်ခု လုပ်လာရလိမ့်မည်။ အန်ကာရာသည်လည်း ပူးပေါင်းရန် ဆန္ဒရှိနိုင်သော်လည်း ယခုအချိန်ထိ ထိုသို့ လုပ်နိုင်ကြောင်း သက်သေသာဓကများမတွေ့သေးပါ”ဟူ၍ ပြောကြားထားသည်။

 လာမည့်အမေရိကန် ပိတ်ဆို့အရေးယူမှုနှင့် ဥရောပသမ္မဂ ပို့ဆို့အရေးယူမှုများသည် လာမည့် နွေဦးတွင် စတင်မည်ဖြစ်ပြီး တထူးသဖြင့် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ဥရောပ၏အရေးယူမှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများသည် အာဒိုဝန်၏ အထိခိုက်အလွယ်ဆုံးဖြစ်သော တူရကီ၏ စီးပွားရေးကို ထိခိုက်နိုင်သည်။ ထို့နောက် အာဒိုဝန်သည် သူ၏ပြိုင်ဘက်များအပေါ် ဖိနှိပ်သောအပြုအမူများနှင့် စီးပွားရေးစီမံခန့်ခွဲမှုမှားယွင်းခြင်းကြောင့် လူထုကိုမကျေနပ်မှုများအကြား အနောက်နိုင်ငံများကို ဖီဆန်ရန် တတ်နိုင်တော့မည် မဟုတ်ပေ။

အမေရိကန်ဒီမိုကရတ်တစ်အမတ် ခရစ်ဗန်ဟော်လန်သည် အင်တာဗျူးတစ်ခုတွင် “လာမည့်ဘိုင်ဒန်အစိုး၇က အာဒိုဝန်ရဲ့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို အနှောင့်အယှက်ပေးနိုင်ဖို့ သူ့ရဲ့ လွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့ အားထုတ်မှုတွေကို စစ်ဖို့ အရေးကြီးကဏ္ဍက ပါလာလိမ့်မယ်။ သူက NATO မဟာမိတ်တွေအပေါ် သစ္စာရှိနေမား ဒါမှမဟုတ် ဒေသတွင်းမှ တစ်ကိုယ်တည်းပဲ ရှိနေမလားဆိုတဲ့ ရွေးချယ်ဆုံးဖြတ်ချက်ကို ပြုရလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly