ကျောက်မဲမြို့၌ နံနက်ခင်းလမ်းလျှောက်ထွက်သူ သေနတ်ဖြင့်အပစ်ခံရ

By မွေလျန်း
17 December 2020
ကျောက်မဲမြို့၌ နံနက်ခင်းလမ်းလျှောက်ထွက်သူ သေနတ်ဖြင့်အပစ်ခံရ
Photo-nay myo

ဒီဇင်ဘာ ၁၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ လွယ်ခွန်တောင် စောင်းတန်းအတက်လမ်းတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက လမ်းလျှောက်ထွက်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ "သေနတ်ပစ်ခံရတယ်ဆိုတာမှန်ပါတယ်၊သေနတ်ကတော့ ဘောစိ ထည့်တဲ့လေသနတ်ပါ၊အပစ်ခံရတဲ့အမျိုးသားက ဒဏ်ရာမပြင်းထန်တဲ့အတွက် အခုရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ကျနော်တို့အမှုဖွင့်ထားပါတယ်" ဟု ကျောက်မဲမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။

Photo-nay myo

သေနတ်ပစ်ခံရသူအမျိုးသားသည် နံနက်တိုင်းလမ်းလျှောက်လေ့ရှိသူ ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် နံနက်က လမ်းလျှောက်နေစဉ် လွယ်ခွန်တောင် သီဟိုဠ်ကျောင်း စောင်းတန်းအနီး ခေတ္တနားနေချိန်၌ အမည်မသိလူတစ်ဦးက လေသေနတ်ဖြင့်သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းကအတည်ပြုပြောကြားသည်။

ကျောက်မဲမြို့တွင်ယခုကဲ့သို့ပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိပြီး ပစ်ခတ်သူများကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး ဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly