အစွန်းရောက်တိုက်ခိုက်မှုများအပေါ် ဥရောပနိုင်ငံများ နိုးကြားသတိရှိရန်လိုဟု ပြင်သစ်ပြော

အစွန်းရောက်တိုက်ခိုက်မှုများအပေါ် ဥရောပနိုင်ငံများ နိုးကြားသတိရှိရန်လိုဟု ပြင်သစ်ပြော

လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများဖြစ်ပွားခြင်းကြောင့် ဥရောပနိုင်ငံများအနေဖြင့် အစွန်းရောက်တိုက်ခိုက်မှုများအပေါ် နိုးကြားသတိရှိရန်လိုသည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇန်နော့က ပြောလိုက်သည်။

ပါရီတိုက်ခိုက်ရေးသမားများကို ကြိုးကိုင်စီစဉ်သူအဖြစ် သံသယရှိသူသည် ဘယ်လ်ဂျီယံကဖြစ်ပြီး ပြင်သစ်သို့ ဝင်ရောက်လာခြင်းကို လက်လွှတ်မသိရှိခဲ့ခြင်းကြောင့် ၎င်းက ယခုကဲ့သို့   ပြောကြားခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံတွင် ခြေကုပ်ယူကာ ပါရီတိုက်ခိုက်မှုများကို ကျုးလွန်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုမှုများ ထွက်ပေါ်နေခြင်းအပေါ် ဘယ်လ်ဂျီယံလုံခြုံရေးဌာနများအတွက် ဝန်ကြီးချုပ်ဖြစ်သူ ချားမိုက်ကယ်က ချေပနေရသည်။

ပါရီတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများ ပြည်ထဲရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးလည်း ကျင်းပရန်ရှိသည်။

ယင်အစည်းအဝေးကို ဘရပ်ဆဲလ်တွင် ကျင်းပမည်ဖြစ်ပြီး နယ်စပ်ဖြတ်သန်းဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်သွားရန်အတွက် ဆုံးဖြတ်ကြနိုင်ဖွယ်ရှိသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly