တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်များ  အကြီးတန်း အထူးကျွမ်းကျင်သူနှင့် အကြံပေး ရာထူးများ ရထားကြောင်း ပေါက်ကြားလာသော မှတ်တမ်းများဖော်ပြ

  တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်များ  အကြီးတန်း အထူးကျွမ်းကျင်သူနှင့် အကြံပေး ရာထူးများ ရထားကြောင်း ပေါက်ကြားလာသော မှတ်တမ်းများဖော်ပြ

ဒီဇင်ဘာ ၁၅ ၊ ၂၀၂၀

ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းအားထုတ်မှုအတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ရှန်ဟိုင်းရှိ ဗြိတိန်၊ ဩစတြေးလျနှင့် အမေရိက ကောင်စစ်ဝန်ရုံးများသို့ ဝင်ရောက်နိုင်ရန် စုဆောင်းရေးအေဂျင်စီအား အသုံးချခဲ့သည်။

 ပေါက်ကြားလာသော အဖွဲ့ဝင်မှတ်တမ်းများတွင် CCP အဖွဲ့ဝင် နှစ်သန်းခန့်၏ သတင်းအချက်အလက်များ ပါရှိပြီး အရှေ့ပိုင်းမြို့၏ ကောင်စစ်ဝန်ရုံး ၁၀ ခုတွင် ကွန်မြူနစ်ပါတီအလုပ်သမားများရှိနေကြောင်း The Australian မှ ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

အဖွဲ့ဝင်များသည် အကြီးတန်းနိုင်ငံရေးနှင့် အစိုးရရေးရာ အထူးကျွမ်းကျင်သူများ၊ စီးပွားရေး အကြံပေးများ၊ စာရေးများနှင့် အထူးလက်ထောက်များအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း စာတမ်းအရသိရသည်။

 စက်တင်ဘာလလယ်တွင် တရုတ် အပြည်ပြည်ဆိုင်ရာပါလီမန် မဟာမိတ်အဖွဲ့သို့ ပေးပို့ခဲ့သော အချက်အလက်များအရ CCP အဖွဲ့ဝင်များအား ရှန်ဟိုင်းနိုင်ငံခြားရေးအေဂျင်စီ ဝန်ဆောင်မှုဌာနမှတစ်ဆင့် ကမ်းရိုးတန်းမြို့ရှိ ဗြိတိန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယ၊ နယူးဇီလန်၊ အီတလီနှင့် တောင်အာဖရိက မစ်ရှင်များအတွက် ခန့်အပ်ထားကြောင်း သိရသည်။

ထို့အပြင် CCP အဖွဲ့ဝင်များသည် အကြီးစား ဘိုးရင်းလေကြောင်းလိုင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် ဖိုင်ဇာကဲ့သို့သော ကုမ္ပဏီများတွင် ရှိကြောင်းလဲ ဖော်ထုတ်ခဲ့သည်။

လျှို့ဝှက်အရင်းအမြစ်မှ The Australian အား ပိုမိုပြည့်စုံသည့် အချက်အလက်များ ပေးပို့လာခဲ့သည့်အခါ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Internet 2.0 က ၂၀၁၆ ခုနှစ် ဧပြီလထိ အချက်အလက်များအား ခြေရာခံလိုက်ခဲ့သည်။

ဟူစတန်၏ တရုတ်ကောင်စစ်ဝန်ရုံးအား ဇူလိုင်လတွင် ပိတ်သိမ်းအပြီး ၉၂ သန်းခန့်သော CCP အလုပ်သမားများအား နွေရာသီအတွင်း အမေရိကန် တက္ကသိုလ်များတွင် တွေ့ရှိခဲ့သည်။

အမေရိကန်အစိုးရသည် ဇီဝဆေးဝါးနှင့် ဉာဏ်ရည်တုကဲ့သို့သော နယ်ပယ်များတွင် သိပ္ပံဆိုင်ရာ သုတေသနများ စုဆောင်းရန် ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအား ဖော်ထုတ်တွေ့ရှိခဲ့သည်။

ထရမ့်အစိုးရနှင့် တရားရေးဌာနတို့သည် အရှေ့အာရှ အာဏာရှိသူအား ပိုမို နှိမ်နင်းသွားရန် ကတိပြုခဲ့သည်။ နိုဝင်ဘာလအတွင်း တရားရေးဌာနမှ လုပ်ဆောင်ခဲ့သော စီးပွားရေးသူလျှိုများအား တရားစွဲဆိုမှုများ၏ ၈၀ရာခိုင်နှုန်းသည် ‘တရုတ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အပြုအမူ’ဟု စွပ်စွဲထားပြီး “ကုန်သွယ်ရေးဆိုင်ရာ ခိုးယူမှုများ၏ ၆၀ ရာခိုင်နှုန်းသည် တရုတ်နဲ့ ဆက်စပ်လျက်ရှိကြောင်း တင်ပြထားသည်။

ဟားဗတ်တက္ကသိုလ်၊ ဘော့စတွန်တက္ကသိုလ်၊ အမ်မရီ တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကို တက္ကသိုလ်မှ ကျောင်းသားများအပေါ် ဖက်ဒရယ်စွဲဆိုချက်များ ပြုအပြီး စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီး ချတ်ဝုဖ်က ဘွဲ့ရကျောင်းသားများနှင့် သုတေသီများ၏ ဗီဇာ ၁၀၀၀ ကျော်ခန့်အား ဖျက်သိမ်းလိုက်ကြောင်း ကြေငြာခဲ့သည်။

မကြာသေးမီက ခရစ္စတင်းဖန်း သို့မဟုတ် ဖန်းဖန်း အမည်ရ သံသယရှိ တရုတ်ထောက်လှမ်းရေးသမားသည် ကယ်လီဖိုးနီးယား ဒီမိုကရက်တစ် ကိုယ်စားလှယ် အဲရစ်ခ်ဆွာဝဲလ်အပါအဝင် ပြည်တွင်းနှင့် အမျိုးသား နိုင်ငံရေးသမားများနှင့် ဆက်ဆံရေးများရှိခဲ့ကြောင်း Axios က တင်ပြထားသည်။ အခြေအနေအား နှောင့်ယှက်ရန် FBI အား ဖိအားပေးခိုင်းစေခဲ့ကြောင်း Axios က ပြောကြားထားသည်။

ဆွာဝဲလ်သည် ထိုအရေးနှင့် ပတ်သတ်၍ ပြောဆိုရန် ငြင်းဆန်ထားပြီး Fox Newsကိုလည်း အမည်မဖော်လိုသူ FBI အရာရှိတစ်ဦးမှ ဆွာဝဲလ်သည် ‘လုံးဝပူးပေါင်းဆောင်ရွက်ပြီး’ ‘အမှားလုပ်ထားခြင်း သံသယမရှိကြောင်း’ The San Francisco Chronicle သို့ ပြောဆိုခဲ့မှုအား လမ်းညွှန်ခဲ့သည်။

 အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီကလည်း သူ့ဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။

“မစ္စတာ ဆွာဝဲလ်နဲ့ ပတ်သတ်ပြီး စိုးရိမ်စရာမရှိပါဘူး”ဟု ပယ်လိုစီက ကြာသပတေးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုအချိန်မှစ၍ ကိုယ်စားလှယ် ဂျင်မ်ဆန်ဆန်ဘရန်နာသည် ကျင့်ဝတ်ကော်မတီထံသို့ တိုင်ကြားစာ တင်သွင်းခဲ့ပြီး ခုံအဖွဲ့အား Axios အစီရင်ခံစာ၏ စွပ်စွဲချက်များအား ‘ချက်ချင်းစတင်စုံစမ်းစစ်ဆေးရန်’ တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly