လီဗာပူးလ်နည်းပြဟောင်း ဂျရတ် ဟူလီယာ အသက် ၇၃ နှစ်မှာ ကွယ်လွန်

လီဗာပူးလ်နည်းပြဟောင်း ဂျရတ် ဟူလီယာ အသက် ၇၃ နှစ်မှာ ကွယ်လွန်
Photo: AFP

လီဗာပူးလ်နည်းပြဟောင်း ဂျရတ် ဟူလီယာဟာ အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

ပြင်သစ်သားနည်းပြဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကြိုးကြာနီတို့ကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၀-၀၁ ရာသီအတွင်း အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူအီးအက်ဖ်အေဖလား သုံးလုံးအပါအဝင် အဓိက ဖလားငါးလုံး ဆွတ်ခူးရယူပေးခဲ့ပါတယ်။ 

လီဗာပူးလ်အသင်း မတိုင်ခင်က ဟူလီယာဟာ လန်းစ်၊ ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး ကြိုးကြာနီတို့ဆီကနေ ထွက်ခွာသွားပြီးနောက် လိုင်ယွန်အသင်းမှာ လီဂူ-၁ အမှတ်ပေးဖလား နှစ်လုံး ရယူခဲ့ပါတယ်။ 

သူ့ရဲ့ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ အသင်းက အက်စတွန်ဗီလာအသင်းဖြစ်ခဲ့ပေမယ့် သူဟာ နလုံးရောဂါပြဿနာတွေကြောင့် ကိုးလအကြာ ၂၀၁၁ ခုနှစ်က အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ 

လီဗာပူးလ်က ဟူလီယာရဲ့ ကွယ်လွန်ခြင်းကြောင့် သူတို့ဟာ "အလွန် ဝမ်းနည်းကြေကွဲရတယ်"လို့ ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။ 

"ကျနော်တို့ရဲ့ ဖလားသုံးလုံးဆုရှင် ဂျရတ် ဟူလီယာ ကွယ်လွန်သွားတာကို ကျနော်တို့ ဝမ်းနည်းပူဆွေးနေရပါတယ်။"လို့ ကလပ်အသင်းက ပြောပါတယ်။ 

"လီဗာပူးလ်ဘောလုံးကလပ်က အယောက်တိုင်းရဲ့ အတွေးတွေဟာ ဂျရတ်ရဲ့ မိသားစုနဲ့ မိတ်ဆွေများစွာနဲ့အတူ ရှိနေပါတယ်။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly