ကပ်ရောဂါကိုင်တွယ်မှုအပေါ် ထောက်ခံမှုကျဆင်းနေသည့် ဂျပန်ဝန်ကြီးချုပ်ဆူဂါ ခရီးသွားအစီအစဉ်ကို ထပ်မံကန့်သတ်ဖွယ်ရှိ   

ကပ်ရောဂါကိုင်တွယ်မှုအပေါ် ထောက်ခံမှုကျဆင်းနေသည့် ဂျပန်ဝန်ကြီးချုပ်ဆူဂါ ခရီးသွားအစီအစဉ်ကို ထပ်မံကန့်သတ်ဖွယ်ရှိ   

ဒီဇင်ဘာ ၁၄ 

ဂျပန်နိုင်ငံတွင် ကပ်ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်ရေးအတွက် ခရီးသွားများအား ကုန်ကျစရိတ်တချို့ထောက်ပံ့ပေးသည့် အစီအစဉ်ကို လုပ်ဆောင်လျက်ရှိရာ ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဝေဖန်မှုများစွာခံနေရသည့် အဆိုပါအစီအစဉ်အပေါ် ကန့်သတ်မှုများ ထပ်မံလုပ်ဆောင်နိုင်ကြောင်း ဒေသတွင်းမီဒီများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကြသည်။

ဂျပန်သည် အမေရိကန်နှင့် ဥရောပနိုင်ငံများလောက် ရောဂါဖြစ်ပွားမှု မပြင်းထန်သော်လည်း ဆောင်းရာသီရောက်ရှိပြီဖြစ်သောကြောင့် အထူးသဖြင့် မြောက်ပိုင်းဟိုကိုင်းဒိုးကျွန်းနှင့် အိုဆာကာမြို့ကဲ့သို့သော ဒေသများတွင်  ရောဂါကူးစက်မှုအခြေအနေပိုမိုဆိုးလာခဲ့သည်။ 

စနေနေ့က ပထမဆုံးအကြိမ်အဖြစ် တစ်ရက်တာကူးစက်မှု အများဆုံး ၃ ၀၀၀ ကျော်ရှိခဲ့ပြီး ဂျပန်၏ အကြီးဆုံးနှင့်မြို့တော်ဖြစ်သည့် တိုကျိုတွင် ပိုးတွေ့သူ ၆၂၁ ဦးရှိခဲ့သည်။ 

စီးပွားရေးတိုးမြှင့်ရန်ရည်ရွယ်သည့် ခရီးသွားထောက်ပံ့ရေးအစီအစဉ်သည် အမှန်တကယ်အားဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေသော်လည်း ဆူဂါက ခရီးသွားကမ်ပိန်းကို ရုတ်ချည်းရပ်တန့်ရေး မစဉ်းစားသေးကြောင်း ပြောဆိုခဲ့သည်။ အစိုးရသည် ရောဂါဖြစ်ပွားမှု ဆိုးရွားသည့်ဧရိယာနှစ်ခုတွင်သာ ခရီးသွားကမ်ပိန်းကို ရပ်နားခဲ့သည်။  

"တကယ်လို့ စီးပွားရေးပျက်သွားခဲ့ရင် ဒါဟာ ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်" ဟု သောကြာနေ့က အွန်လိုင်းမှတစ်ဆင့်ပြောကြားခဲ့သည်။  

သီတင်းပတ်ကုန်ကပြုလုပ်ခဲ့သည့် လူထုစစ်တမ်းအရ ဝန်ကြီးချုပ်ဆူဂါ၏ ကပ်ရောဂါကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ပြည်သူများ၏ထောက်ခံမှု ဆုတ်ယုတ်ကျဆင်းခဲ့သည်။ ဆူဂါအပေါ်ထောက်ခံမှုသည် ၄၀  % အထိကျဆင်း သွားခဲ့ကာ ယခင်လထောက်ခံမှုထက် ၁၇ % လျော့နည်းခဲ့သည်ဟု Mainichi သတင်းစာက စနေနေ့က ဖော်ပြခဲ့သည်။  

ရှင်ဇိုအာဘေးက ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးက အနားယူသွားပြီးနောက် သုံးလသက်တမ်းရှိပြီ ဖြစ်သည့် ဝန်ကြီးချုပ်သစ် ဆူဂါသည် ပညာရှင်အချို့အား သိပ္ပံအကြံပေးအဖွဲ့ဝင်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့ခြင်းအပါအဝင် တခြားအငြင်းပွားဖွယ်ကိစ္စရပ်များကြောင့် ဖိအားများစွာနှင့်ရင်ဆိုင်နေရသည်။ 

Aichi စီရင်စု၏ အချက်အခြာကျသော ကြီးမားသောစက်မှုအချက်အခြာမြို့နာဂိုရာနှင့် တိုကျိုတို့တွင် ခရီးသွားကမ်ပိန်းယာယီရပ်နားမည့်အစီအစဉ်တိုးချဲ့သွားနိုင်သည့် ဗိုင်းရပ်စ်တုံ့ပြန်ရေးအစည်းအဝေးကို ဆူဂါမှကြီးမှူး၍ တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်သည်။ 

ဗိုင်းရပ်စ်ကူးစက်မှု မကျဆင်းသေးသည့် အိုဆာကာဒေသတွင်လည်း လက်ရှိခရီးသွားအစီအစဉ်ရပ်နားထားမှုကို သက်တမ်းဆက်တိုးရန် အိုဆာကာအုပ်ချုပ်ရေးမှူး ဟီရိုဖူမီ ယိုရှီမူရာက စနေနေ့က အစိုးရကို တောင်းဆိုခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly