ပါကစ္စတန်တွင် ၁၉၉၀ ခုနှစ်မှစ၍ ဂျာနယ်လစ် ၁၃၈ ဦး သတ်ခံရ

 ပါကစ္စတန်တွင် ၁၉၉၀ ခုနှစ်မှစ၍ ဂျာနယ်လစ် ၁၃၈ ဦး သတ်ခံရ

 ဒီဇင်ဘာလ ၁၄

 အပြည်ပြည်ဆိုင်ရာဂျာနယ်လစ်အဖွဲ့ချုပ် (IFJ) မှ ကမ္ဘာ့စာနယ်ဇင်းဆိုင်ရာ အဖြူရောင်စာတမ်းတွင် ပါကစ္စတန်အပါအဝင် နိုင်ငံ ၅ နိုင်ငံအား “ကမ္ဘာပေါ်တွင် စာနယ်ဇင်းအတွက် အန္တရာယ်အများဆုံးနိုင်ငံများ”စာရင်းအဖြစ် သတ်မှတ်ခဲ့သည်။
ပါကစ္စတန်တွင် ၁၉၉၀ ခုနှစ်မှစ၍ ဂျာနယ်လစ် ၁၃၈ဦး သတ်ခံခဲ့ရသည်။

 ‘ဂျာနယ်လစ် ၂,၆၅၈ဦးသည် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ကြကြောင်း ၁၉၉၀-၂၀၂၀ အတွင်း အသတ်ခံခဲ့ရသော ဂျာနယ်လစ်စာရင်းဖြစ်သည်။ ဂျာနယ်လစ် ၃၄၀ ဦး သေဆုံးခဲ့သော အီရတ်သည် စာနယ်ဇင်းသမားများအတွက် အန္တရာယ်အများဆုံးနိုင်ငံစာရင်းတွင် ထိပ်ဆုံးတွင် ရှိနေပြီး မက္ကစီကို (၁၇၈ဦး)၊ ဖိလစ်ပိုင် (၁၇၈ဦး)နှင့် ပါကစ္စတန်(၁၃၈ဦး) တို့ဖြစ်သည်’ဟု Dawn သတင်းတွင်ပါရှိသည်။

၂၀၂၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်အဖွဲ့ချုပ်(IFJ) သည် နိုင်ငံ ၁၅ နိုင်ငံရှိ ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ ဗုံးပေါက်ကွဲမှုများနှင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးသော ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်း ၄၂ ဦးရှိကြောင်း မှတ်တမ်းတင်ထားသည်။

 ‘မက္ကစီကိုသည် သေဆုံးသူ ၁၃ဦးနှင့် ၅နှစ်အတွင်း စတုတ္တအကြိမ်မြောက် စာရင်းထိပ်ဆုံးတွင် ရှိနေကာ ပါကစ္စတန်သည် ၅ဦး၊ ဆိုမားလီးယားနှင့် ဆီးရီးယားတို့သည် ၂ဦးစီရှိကာ ကင်မရွန်၊ ဟွန်ဒူးရပ်၊ ပါရာဂွေး၊ ရရှား၊ ဆွီဒင်နှင့် ယီမင်တို့တွင် ၁ဦးစီ သေဆုံးခဲ့သည်’ဟု အစီရင်ခံစာအား ရည်ညွှန်း၍ Dawn က တင်ပြထားသည်။

 ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သော လွတ်လပ်ခွင့်ကွန်ယက်မှ အစီရင်ခံစာတွင် ပါကစ္စတန်သည် ၂၀၀၀ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း၍ ဂျာနယ်လစ် ၁၄၀ ဦး အသတ်ခံခဲ့ရသဖြင့် ဂျာနယ်လစ်များအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ဆက်လက်ပါဝင်နေကြောင်း ပါရှိသည်။

ပါကစ္စတန်တွင် တရားစွဲဆိုခံရသည့် စာနယ်ဇင်းသမားများကို အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခြင်းအတွက် ယခုနှစ်အစီရင်ခံစာသည် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် လူမှုရေးတိုးတက်မှုအတွက် လိုအပ်သော ခိုင်မာ လွတ်လပ်သော မီဒီယာတည်ရှိမှုအား ထည့်သွင်းစဉ်းစားသူအားလုံးအား စိတ်ပျက်စေမည်ဖြစ်ကြောင်း Dawn မှ ဂျာနယ်လစ်နှင့် လူ့အခွင့်အရေး ထောက်ခံသူ IA Rehman က ရေးသားခဲ့သည်။

 ဝန်ကြီးချုပ် အင်ရန်ခန်းက ပါကစ္စတန် ဂျာနယ်လစ်များအပေါ် နှိမ်နင်းခြင်းမရှိဟု ပြောဆိုသော်လည်း ဂျာနယ်လစ်တစ်ဦးဖြစ်သူ Mubashir Zaidi က ဖက်ဒရယ်ထောက်လှမ်းရေးအေဂျင်စီ(FIA)သည် ယခုနှစ် စက်တင်ဘာအထိ ဂျာနယ်လစ် ၄၉ဦးအား တရားစွဲဆိုထားကြောင်း ဖော်ထုတ်ခဲ့သည်။
ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်သည် PTI အစိုးရ၏ လုပ်ရပ်များအား ရှုတ်ချခဲ့ကာ နိုင်ငံအနေဖြင့် ထိုကဲ့သို့သော လုပ်ရပ်များအား ရှောင်ကြဉ်ရန်နှင့် နိုင်ငံရေးဆန့်ကျင်မှုအား တားဆီးရန် FIA အား အသုံးချနေခြင်းအား ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

 “ FIA က ဂျာနယ်လစ်နှင့် ဆိုရှယ်မီဒီယာတက်ကြွလှုပ်ရှားသူ ၄၉ ဦးအား PECA စည်းမျဉ်းများအရ တရားစွဲဆိုထားကြောင်း သတင်းများကြောင်း HRCP သည် တုန်လှုပ်မိပါသည်။ နိုင်ငံအနေနဲ့ ဒီလို လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ နိုင်ငံရေးဆန့်ကျင်မှုတွေကို တားဆီးဖို့ FIA ကို အသုံးချတာကို တားဆီးဖို့ တောင်းဆိုပါတယ်”ဟု စက်တင်ဘာလက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ခန်းက ပါကစ္စတန်တွင် မီဒီယာအပေါ် ထိုကဲ့သို့ နှိမ်နင်းမှုမရှိကြောင်းဆိုခဲ့သော်လည်း ဖမ်းဆီးမှုများသည် အစိုးရ၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

ပါကစ္စတန်သည် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ၂၀၂၀ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်ပြမှုဇယားတွင် နိုင်ငံပေါင်း ၁၈၀အတွင်း အဆင့် ၁၄၅ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် အဆင့် ၃ခု နည်းပါးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly