အမေရိကသည် တရုတ်အပါအဝင် နိုင်ငံခြားအစိုးရများမှ အရာရှိ ၁၇ ဦးအား လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပိတ်ဆို့အရေးယူ

အမေရိကသည် တရုတ်အပါအဝင် နိုင်ငံခြားအစိုးရများမှ အရာရှိ ၁၇ ဦးအား လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပိတ်ဆို့အရေးယူ

ဒီဇင်ဘာ ၁၂ ၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုသည် အင်္ဂါနေ့တွင် တရုတ်နှင့် အခြားနိုင်ငံခြား အစိုးရများမှ အရာရှိ ၁၇ဦးနှင့် သူတို့၏ တိုက်ရိုက် မိသားစုဝင်များအား လူ့အခွင့်အရေးချိုးဖောက်မှုများကြောင်း ပိတ်ဆို့အရေးယူခဲ့ကြောင်း ကြေငြာခဲ့သည်။

လူ့အခွင့်အရေးနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ထုတ်ပြန်ချက်တစ်ခုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မည့်သည့်အချိန် မည်သည့်နေရာတွင် ဖြစ်ပေါ်နေပါစေ အမေရိကန်ပြည်ထောင်စုသည် ရရှိနိုင်သော သင့်လျော်သည့် ကိရိယာများနှင့် အခွင့်အာဏာများအားလုံးကို အသုံးပြုရန်နှင့် ထိုချိုးဖောက်မှုများတွင် တာဝန်ရှိသူများအား တာဝန်ယူစေရေး မြှင့်တင်ရန် ကတိကဝတ်ကို ဂုဏ်ယူစွာထပ်လောင်းအတည်နြှပုကြောင်း ပြောဆိုခဲ့သည်။

“ယနေ့တွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားအစိုးရ အရာရှိ ၁၇ ယောက်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအား ၂၀၂၀ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားဆိုင်ရာ လုပ်ဆောင်လည်ပတ်မှုများနှင့် ဆက်စပ်သော အစီအစဉ်များလျာထားချက် အက်ဥပဒေ အပိုင်း ၇၀၃၁(ဂ)  နှင့် ၂၀၂၁ ခုနှစ် ဆက်လက်လျာထားချက် အက်ဥပဒေများအရ လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သတ်မှုကြောင့် ပိတ်ဆို့မှုများ ပြုလုပ်ကြောင်း ကြေငြာလိုက်သည်”ဟူ၍ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသူများထဲတွင် အယ်လ်ဆာဗေးဒါးနှင့် ဂျမေကာမှ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် တရုတ်မှ ဇီမန် ပြည့်သူ့လုံခြုံရေးဗျူရို ဝူကန် ရဲစခန်းမှ အကြီးအကဲ ဟွမ်ယွမ်ရှောင်အားလည်း တရုတ်ပြည် ဇီမန် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သတ်မှုကြောင့် ထိုစာရင်းထဲ ထည့်သွင်းခဲ့သည်။

ဟွမ်သည် ဖာလောင်ဂေါင်း ယုံကြည်သူများ၏ ဘာသာရေးလွတ်လပ်ခွင့်အား ဆိုးဝါးစွာ ချိုးဖောက်မှုတွင် ပါဝင်ကြောင်းနှင့် ဖာလာဂေါင်းယုံကြည်သူများအား ယုံကြည်ကိုးကွယ်သည့်အတွက် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမှုတို့တွင် ပါဝင်ပတ်သတ်ကြောင်း ပွမ်ပီယိုက ဆိုခဲ့သည်။

“ဒီနေ့ လုပ်ဆောင်ချက်က ဟွမ်ရဲ့ အိမ်ထောက်ဖက်အပေါ်လည်း သက်ရောက်ပါတယ်။ PRC အစိုးရက နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ကြံဆခွင့်နဲ့ ဘာသာရေး သို့မဟုတ် ယုံကြည်မှု တွေ ချိုးဖောက်တာအပါအဝင် တရုတ်ပြည်အတွင်း ပြည်သူတွေအပေါ် ကြောက်မက်ဖွယ် စနစ်ကျကျ ချိုးဖောက်မှုတွေ ကျူးလွန်နေတာကို ကမ္ဘာက ရပ်ကြည့်မနေနိုင်ဘူး”ဟု သူက ဆိုသည်။

ထိုသတ်မှတ်ချက်များသည် လူ့အခွင့်အရေးအား ထောက်ခံခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်သူများအား တာဝန်ယူစေရေး မြှင့်တင်ရေး ကြိုးပမ်းမှုများအား ဖော်ပြနေကြောင်း ပွမ်ပီယိုက ဆိုခဲ့သည်။

“ကျွန်တော်တို့က ကမ္ဘာတစ်ဝှမ်းလုံးရှိ လူ့အခွင့်အရေးချိုးကို ကာကွယ်ရာမှာ ခေါင်းဆောင်ဖြစ်နေရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ တည်ထောင်သူတွေရဲ့ ရည်မှန်းချက်တွေကို လေးစားဂုဏ်ပြုပြီး လူသားအားလုံးလွတ်လပ်စေဖို့ ကာလရှည်ကြာလေးစားလာတဲ့ အမေရိကန် ဆန္ဒကို ထုတ်ဖော်ပြလိုပါတယ်” ဟု သူက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly