ဘာစီလိုနာတိရစ္ဆာန်ဥယျာဉ်က ခြင်္သေ့ ၄ ကောင် ကိုဗစ်-၁၉ ကူးစက်ခံထားရ  

ဘာစီလိုနာတိရစ္ဆာန်ဥယျာဉ်က ခြင်္သေ့ ၄ ကောင် ကိုဗစ်-၁၉ ကူးစက်ခံထားရ  
Photo - AFP

 ဒီဇင်ဘာ ၁၂ 

စပိန်နိုင်ငံ ဘာစီလိုနာတိရစ္ဆာန်ဥယျာဉ်က ခြင်္သေ့လေးကောင်ဟာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး အပျော့စားလက္ခဏာတွေ ပြသမှုရှိခဲ့တယ်လို့ သိရပါတယ်။  

အသက် ၁၆ နှစ်အရွယ် ခြင်္သေ့မသုံးကောင်နဲ့ လေးနှစ်သားအရွယ် ခြင်္သေ့ထီးလေးတစ်ကောင် တို့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အပျော့စားလက္ခဏာတွေ ခံစားနေရတာကို စောင့်ရှောက်သူတွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ 

တိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်သူ နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးတဲ့နောက် ခြင်္သေ့တွေမှာ အဆိုပါ ရောဂါလက္ခဏာတွေ ပြလာခဲ့တာဖြစ်ပါတယ်။ 

Antigen စစ်ဆေးတဲ့ကိရိယာနဲ့ စမ်းသပ်လိုက်တဲ့အခါ ခြင်္သေ့လေးကောင်မှာ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တုပ်ကွေးကုသနည်းနဲ့အလားတူတဲ့ ကုထုံးတွေနဲ့ ခြင်္သေ့တွေကို စောင့်ကြည့်ကုသပေးပြီးတဲ့နောက်မှာ သက်သာမှုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဘာစီလိုနာတိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူတွေဟာ ကျား၊ ခြင်္သေ့စတဲ့ တိရစ္ဆာန်တွေ ကိုဗစ်-၁၉ ကူးစက်ခံရတာကို မှတ်တမ်းတင်တဲ့ နယူးယောက်က Bronx Zoo က တိရစ္ဆာန်ကုသရေးဝန်ဆောင်မှုအဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ကြပါတယ်။  

ဧပြီလအစောပိုင်းကလည်း Bronx Zoo တိရစ္ဆာန်ဥယျာဉ်က လေးနှစ်အရွယ် ကျားမတစ်ကောင်ဟာလည်း ၎င်းကိုထိန်းသိမ်းသူဆီကနေ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ 

ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ကြောင်၊ခွေးနဲ့ တခြားတိရစ္ဆာန်အမျိုးမျိုး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် ယနေ့အချိန်ထိ မြွေပါကတိုးတွေသာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လူသားတွေကို ထပ်မံကူးစက်နိုင်တာကို တွေ့ရှိထားပါတယ်။  

နိုင်ငံအများအပြားမှာ မြွေပါကတိုးတွေကို အမြောက်အမြားသတ်ဖြတ်ဖို့ ညွှန်ကြားထားပြီး ဒိန်းမတ်နိုင်ငံမှာလည်း အကောင်ရေ ၁၀ သန်းထက်မနည်း သုတ်သင်ပြီးဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly