မြိတ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ်ခွင့်ပြု အလုပ်သမား ခေါ်ယူရန် အခက်အခဲ တချို့ ရှိနေ

မြိတ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ်ခွင့်ပြု အလုပ်သမား ခေါ်ယူရန် အခက်အခဲ တချို့ ရှိနေ

COVID-19 ဖြစ်ပွားနေတဲ့ ကာလ ကြာမြင့်နေပြီဖြစ်သလို မြိတ်မြို့က စားသောက်ဆိုင်တွေ အနေနဲ့လည်း ၈ လ နီးပါး ရပ်နားထား ခဲ့ရတာကြောင့် လက်ရှိမှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ အညီ A အဆင့် ရရှိတဲ့ ဆိုင်တွေကို ပြန်လည် ဖွင့်လှစ်ရောင်းချဖို့ ခွင့်ပြုခဲ့ ပေမယ့် ကျွမ်းကျင်လုပ်သား မရှိတော့တာကြောင့် အခက်ခဲတွေ ဖြစ်ပေါ်နေကြတယ်လို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆိုင်တွေကို ကာလရှည် ပိတ်ထားရတဲ့ အတွက် ဝန်ထမ်းတွေကိုလည်း လစာလျော့တာ အပြင် ဝန်ထမ်းအင်အား လျော့ချတာတွေ ပြုလုပ်ထားတာကြောင့် လက်ရှိ ပြန်လည် ဖွင့်လှစ်ချိန်မှာ အခုလို အခက်ခဲတွေ ဖြစ်ပေါ်နေကြတာပါ။ 

ရိုက်ကူး / တည်းဖြတ် -  ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly