ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးထိပ်တန်းမြို့ ၁၀ မြို့စာရင်းထဲတွင်ရှန်ဟိုင်းမြို့ပါဝင်လာ

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးထိပ်တန်းမြို့ ၁၀ မြို့စာရင်းထဲတွင်ရှန်ဟိုင်းမြို့ပါဝင်လာ
Shanghai became the first mainland Chinese metropolis to enter the global top ten of appealing cities, according to to a new Global Power City Index released on Tuesday. (Photo by Kosaku Mimura)

ဒီဇင်ဘာ ၁၀ ၊ ၂၀၂၀

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးထိပ်တန်းမြို့ ၁၀ မြို့စာရင်းတွင်ရှန်ဟိုင်းမြို့ပါဝင်လာပြီး တရုတ်ပြည်မကြီးမှ ပထမဆုံးအဖြစ်ပါဝင်လာခြင်းဖြစ်ကြောင်းအင်္ဂါနေ့ကထုတ်ပြန်သည့် ကမ္ဘာ့ဩဇာတိက္ကမအရှိဆုံးမြို့တော် အညွှန်းစာရင်း (Global Power City Index ) တွင်ဖော်ပြထားသည်။ 

ရှန်ဟိုင်းမြို့သည်ယမန်နှစ်ကအညွှန်းစာရင်း၌ အဆင့် ၃၀ တွင်ရှိနေရာမှ ယခုနှစ်တွင်အဆင့် ၁၀ သို့ ခုန်တက်လာခြင်းဖြစ်သည်။ ရှန်ဟိုင်းမြို့သည် စီးပွားရေတိုးတက်ခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေး(R&D ) တိုးတက်ခြင်း ၊ယဉ်ကျေးမှုဖလှယ်ခြင်း၊  နေပျော်ခြင်း၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းခြင်းနှင့် အခွင့် အလမ်းကောင်းများရှိခြင်း စသည့်အချက်ခြောက်ချက်တွင်ရမှတ်များမြင့်တက်လာခဲ့သည်။ ကူးစက် ရောဂါဖြစ်ပွားလာချိန်တွင် အလုပ်လုပ်ပုံနည်းစနစ်ပြောင်းလွယ်ပြင်လွယ်ရှိမှုတိုးတက်လာခြင်းကြောင့် ရမှတ်အများဆုံးရရှိ ခဲ့သည်။ 

“COVID-19 ရောဂါကူးစက်နေချိန်မှာတစ်ခြားမြို့တွေထက်ရှန်ဟိုင်းကအလုပ်လုပ်နည်းစနစ်သစ်တွေနဲ့ အရှိန်အဟုန်မြှင့်ပြီးဖွံ့ဖြိုးတိုးတက်အောင်အခွင့်အရေးယူနိုင်ခဲ့ပါတယ်”ဟု ဂျပန်နိုင်ငံအခြေစိုက် မိုရိ အထိမ်းအမှတ်ဖောင်ဒေးရှင်း (Mori Memorial Foundation ) ၏ မြို့ပြမဟာဗျုဟာရေးရာအင်စတီကျု (Institute for Urban Strategies ) မှထုတ်ပြန်သည့် ကမ္ဘာ့ဩဇာတိက္ကမအရှိဆုံးမြို့တော်အညွှန်းစာရင်း တွင်ဖော်ပြထားသည်။ ရှန်ဟိုင်းမြို့သည်အလည်အပတ်လာရောက်လိုသူနှင့်အစားအသောက်ကောင်း ကြိုက်သူများသွားရောက်ရန်အသင့်တော်ဆုံးမြို့အဖြစ်အသိအမှတ်ပြုခံထားရသည်။ 

ယမန်နှစ်ကဆွဲဆောင်မှုအရှိဆုံးမြို့များစာရင်းတွင်ပါဝင်ခဲ့သည့်မြို့ငါးမြို့မှာယခုထုတ်ပြန်သော စာရင်း တွင်ဆက်လက်ပါဝင်လာသည်။ အဆိုပါ မြို့များတွင် လန်ဒန်မြို့ကဦးဆောင်နေပြီး၎င်း၏နောက်တွင် နယူးယောက်၊ တိုကျို၊ ပါရီနှင့် စင်ကာပူမြို့များပါဝင်နေသည်။ စင်ကာပူသည် နေပျော်ခြင်းနှင့် အခွင့်အလမ်းကောင်းများရှိခြင်းအချက်များတွင်ရမှတ်များမြင့်တက်လာပြီး အမှတ်ကွာဟမှုအနည်းငယ် ဖြင့် ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့၏နောက်တွင်ရပ်တည်လျက်ရှိသည်။  

စင်ကာပူသည်အလုပ်နေရာရွေးချယ်ရန်အမျိုးအစားများပြားမှုကြောင့်ရမှတ်အများအပြားရရှိခဲ့ပြီး ယခင် ကအဆင့် ၂၃ တွင်ရှိနေရာမှ အဆင့်သုံးသို့တက်လာခဲ့သည်။ စီးပွားရေးလွတ်လပ်မှုရှိခြင်းအမျိုးအစား တွင် စင်ကာပူက ဟောင်ကောင်ကိုကျော်လွန်ကာ ထိပ်ဆုံးအဆင့်တွင်ရပ်တည်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly