တရုတ်ပြည်ရှိ လူနည်းစုအမျိုးသမီးများအတွက် အကူညီလိုအပ်နေမှု

By မောင်မြသာ
10 December 2020
တရုတ်ပြည်ရှိ လူနည်းစုအမျိုးသမီးများအတွက် အကူညီလိုအပ်နေမှု

ဒီဇင်ဘာ ၁၀

တရုတ်သည် တာဝန်ယူတတ်ပြီး ပူပန်တတ်သော အင်အားကြီးနိုင်ငံအဖြစ် ကမ္ဘာအား ပြသနေမှုသည် အမှန်တကယ် ဖြစ်ပျက်နေသော ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင့်ထက်စီးနင်းနှင့် အာဏာရှင်အဆန်ဆုံး အုပ်ချုပ်မှုရှိသည့် ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုအောက်ရှိ တရုတ်သည် ပြည်တွင်းတွင် ဖိနှိပ်သော မူဝါဒများအား အကောင်အထည်ဖော်ရန် တပ်ဖွဲ့များအား စေလွှတ်ခဲ့ခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာအပေါ် ထိန်းချုပ်မှုများ ပိုမို တင်းကြပ်ခဲ့ခြင်း၊ ကျူးကျော် စောင့်ကြည့် နည်းပညာများထည့်သွင်းခြင်းနှင့် တိဘက်၊ ဝီဂါများအပါအဝင် တိုင်းရင်းသားလူနည်းစုများအပေါ် ရက်စက်စွာ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

တရုတ်၏ တိုင်းရင်းသားလူနည်းစုများ အထူးသဖြင့် အမျိုးသမီးများအပေါ် နိုင့်ထက်စီးနင်းဆန်ပြီး အလွန်ကြမ်းတမ်းသော လုပ်ဆောင်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသားကြီးစိုးသည့် လူ့အဖွဲ့အစည်းအောက် ပြင်းထန်သော ဖိနှိပ်မှုများကို ဖော်ပြနေသည်။

ရှင်ကျန်းရှိ ဝီဂါများအကြား တရုတ်၏ အမြစ်တွယ်နေသော မိသားစုစီမံကိန်းမူဝါဒသည် သူတို့၏ အတင်းအဓ္ဓမ ကိုယ်ဝန်ဖျက်ချခြင်း၊ လျှို့ဝှက်စွာ သားကြောဖြတ်ခြင်း၊ ရှင်သန်နိုင်စွမ်းကို လျော့ချစေရန် လက်နက်အသုံးပြုခြင်းအားဖြင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်အား ဖိနှိပ် ထိန်းချုပ်ခဲ့သည်။ ဝီဂါများနှင့် အခြားတိုင်းရင်းသား လူနည်းစုများအကြား မွေးဖွားမှုနှုန်းကို လျော့ချရန် ပြင်းထန်သည့် စီမံချက်အား သာအိမ်တွင်းထည့် ပစ္စည်းနှင့် သားကြောဖြတ်ခြင်းဖြစ်စဉ် အရေအတွက်များတွင် တွေ့နိုင်သည်။
 
တင်းကြပ်စွာ ထိန်းချုပ်ထားသော ရှင်ကျန်းရှိ ဝီဂါ၊ ကာဇက်၊ တိဘက်နှင့် အခြား တိုင်းရင်းသား လူနည်းစုများအား ဖိနှိပ်မှုကို ကောင်းစွာ ဖုံးကွယ်ထားကြသည်။ သို့ရာတွင် CCP လက်အောက်တွင် ကျူးလွန်ခဲ့သော လွန်ကဲလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေသည်။

ထိုပြည်နယ်တွင် ဟန်တရုတ်လူမျိုးသို့ လူဦးရေကို ပြောင်းလဲရန်အတွက် တိုင်းရင်းသား လူနည်းစု အမျိုးသမီးများအပေါ် အစုလိုက် သားကြောဖြတ်ခြင်းနှင့် သားအိမ်တွင်းထည့် ပစ္စည်းများအား အတင်းအဓ္ဓမ အသုံးပြုသည့် အလွန်ရက်စက်သော မူဝါဒများအား လုပ်ဆောင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခံရသော သားကောင်များ၏ ၈၀ရာခိုင်းနှုန်းမှာ ဝီဂါအမျိုးသမီးများဖြစ်သည်။ ထို့အပြင် တရုတ်ရှိ အခြား တိုင်းရင်းသားလူနည်စုများ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားရန် မူဝါဒများလည်း လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့သော မူဝါဒများသည် ‘လူဦးရေဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု’ဟု ခေါ်ဆိုကြသည်။

တရုတ် ထိန်းသိမ်းရေးစခန်းများရှိ လူနည်းစု အမျိုးသမီးများအပေါ် နှိပ်စက် ညှင်းပန်းမှုများသည် ထိုစခန်းများအတွင်း ဖြစ်ပျက်နေသော ဆိုးယုတ်မှုကို ပိုမို ကျယ်ပြန့်စွာ ဖော်ပြနေသည်။ စောင့်ကြည့်ခြင်း စနစ်နှင့် ဆက်ဆံမှုများအား စောင့်ကြည့်သည့် တင်းကျပ်သော ကွန်ယက်အောက်တွင် အမျိုးသမီးများသည် လှောင်ပိတ်နေသော အကျဉ်းခန်းများတွင် နေကာ၊ အလှည့်ကျအိပ်စက်ရပြီး စောင့်ကြည့်ကင်မရာများရှိသော သန့်စင်ခန်းများကို အသုံးပြုကြရသည်။ ထို့အပြင် သူတို့အား မူးမေ့စေသော ဆေးများအပါအဝင် ဆေးဝါးများ သောက်ရန်နှင့် တရုတ်ကွန်မြူနစ်ပါတီအား ချီးမြှောက်သည့် သီချင်းများ ဆိုရန် ဖိအားပေးခံကြရသည်။

ထိုကဲ့သို့ ရက်စက်သည့် လုပ်ရပ်သည် ဘဝတစ်လျောက် ကြောက်ရွံ့မှုနှင့် စိတ်ဒဏ်ရာ ရစေနိုင်သည်။ သူတို့တွင် လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် ကလေးမွေးဖွားခွင့်ကိုပင် မပေးပေ။ တိုင်းရင်းသား လူနည်းစု အမျိုးသမီးများအား ‘အဆင့်နိမ့်ကျသည်’ဟု သတ်မှတ်ထားသောကြောင့် ဝီဂါအမျိုးသမီးဖြစ်ခြင်းသည် ရာဇဝတ်မှုဖြစ်သောကြောင့် သေဒဏ်ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အမှန်တကယ် ထိန်းချုပ်လိုသည်မှာ မွေးဖွားမှုပမာဏ သို့မဟုတ် မွေးဖွားလာမည့် ကလေးများ အမျိုးအစားလား ဆိုသည်ကို ကောက်ချက်ချရန်မှာ ခက်ခဲသည်။ လူနည်းစု အမျိုးသမီးများအပေါ် ထိုကဲ့သို့ ဖိနှိပ်မှုအသည် CCP ၏ ဆိုးယုတ်မှုကို ပုံဖော်နေသည့် အလွန့်အလွန် ရက်စက်မှုပင်ဖြစ်သည်။

မကြာသေးမီက ဟန်အမျိုးသားများအား ဆွဲဆောင်ရန် ဝီဂါအမျိုးသမီးများနှင့် လက်ထပ်ရန် ကြော်ငြာခြင်းသည် အချိန်ကြာကြာ နာကျင်ခံစားရမည့် ကြောက်မက်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှု၏ ရက်စက်မှု လက္ခဏာများကို ဖော်ပြနေသည်။ ရှီအစိုးရ၏ ‘တွဲဖက်ပြီး မိသားစုဖြစ်လာခြင်း’ စည်းရုံးမှုက အဓ္ဓမကျင့်မှုအများအပြာတွင် အစိုးရ ပါဝင်နေမှုကို ပြသနေသည်။ ခင်ပွန်းများသည် အဓ္ဓမ အလုပ်ကြမ်း စခန်းများသို့ ပို့ဆောင်ခံရသည့်အခါ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ ညှင်းပန်းမှုများ၏ သားကောင် ဖြစ်လာသည်။ သူတို့သည် ဟန်အမျိုးသားများထံသို့ ရောင်းချခံရပြီး အတင်းအဓ္ဓမ လက်ထပ်ခံရသည်။ အမျိုးသမီးနှင့် မိသားစုသည် ကမ်းလှမ်းချက်အား ငြင်းပယ်ခွင့်မရှိပေ။ ငြင်းပယ်ပါက အစ္စလာမ်အစွန်းရောက်များအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြစ်သည်။ ပြည်နယ်သည် လူနည်းစု မိန်းကလေးနှင့် လက်ထပ်သော ဟန်အမျိုးသားများအား အလုပ်အကိုင်နှင့် ငွေကြေးစသော အစိုးရလက်ဆောင်များ ပေးလေ့ရှိသည်။
 
တရုတ်မှ လူနည်းစု အမျိုးသမီးများအား ဆင်ရဲသော၊ အရှက်ကင်းမဲ့သော၊ ပညာမတတ်သော၊ ယဉ်ကျေးမှုမရှိသော လူများအဖြစ် သတ်မှတ်မှုသည် လူနည်းစု မျိုးဆက်ပွားမှုအား လျှင်မြန်စွာ ထိန်းချုပ်စေနိုင်ခဲ့သည်။ သူတို့အား ပြင်းထန်လွန်းသော ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်၏ ဆိုးဝါးသည့် အခြေအနေများတွင် ထားရှိနိုင်ပြီး ကလေးများအား ကျွေးမွေးရန် ဆင်းရဲနွမ်းပါးသည် အမျိုးသမီးများ၏ ရုန်းကန်နေရမှု ဗီဒီယိုများပြသကာ တိုင်းရင်းသား လူနည်းစုများ၏ အနာဂါတ်မျိုးဆက်အား ပပျောက်စေရန် ၎င်း၏ ရည်မှန်းချက်ကို ထိန်းချုပ်ထားနိုင်သည်။

တိဘက်တွင်လည်း ပြုမူနေသည်။  တရုတ်ကွန်မြူနစ်ပါတီ CCP သည် တိဘက်အမျိုးသမီးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၏ လုပ်ရပ်များအဖြစ်သတ်မှတ်သည့် အတင်းအဓ္ဓမ ကိုယ်ဝန်ဖျက်ချခြင်းနှင့် အမျိုးသမီး မျိုးပွားသံသရာများအပေါ် ကျူးကျော်စောင့်ကြည့်ခြင်းစသည့် လူဦးရေထိန်းချုပ်သည့် စီမံချက်များလုပ်ဆောင်နေသည်။  အစိုးရသည် ဒေသတွင်းတွင် ပျံ့နှံ့နေသော ပြည့်တန်ဆာလုပ်ငန်းအား အားပေးအားမြှောက်ပြုပြီး အမျိုးသမီးများသည် အလုပ်အကိုင်အတွက် ‘အပျိုစင်’ စစ်ဆေးမှု ပြုလုပ်သည်အထိ ဆိုးဝါးပြင်းထန်သော ကျားမခွဲခြားမှုကို လုပ်ဆောင်နေသည်။

တရုတ်သည် တိဘက်အမျိုးသမီးများအနေဖြင့် နိုင်ငံရေး အမြင်ကို ထုတ်ဖော်ခြင်းသို့မဟုတ် ဆန့်ကျင် ဆန္ဒပြပွဲများတွင် ပါဝင်ပါက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသည်ဟု ခေါ်ဆိုပြီး နိမ့်ကျသည်ဟု သတ်မှတ်သည်။ ထို့ကြောင့် တရုတ်အာဏာပိုင်များအနေဖြင့် သူတို့၏ မျိုးပွားဆိုင်ရာ ဥပဒေများအား ဖုံးကွယ်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်ကျူးလွန်ရန် လွယ်ကူနေသည်။
 
ရှီကျင့်ဖျင်အုပ်ချုပ်ရေးသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွင် စည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများကင်းမဲ့ပြီး ရန်လိုသည့် အစိုးရ၏ ခေတ်သစ်တစ်ရပ်ကိုစတင်ခဲ့သည်။ ၎င်း၏ ပြင်းထန်သော ဆောင်ရွက်ချက်များသည် လူ့ဘဝ၏ အခြေခံလူ့ဂုဏ်သိက္ခာနှင့် ပိတ်ဆို့အရေးယူမှုကို လုံးဝ လျစ်လျူရှုကြောင်း ပြသနေသည်။

အမျိုးသမီးများ တန်းတူမရှိပါက ဖွံ့ဖြိုးတိုးတက်မှုကို မရနိုင်သောကြောင့် တရုတ်အနေဖြင့် လူနည်းစုအမျိုးသမီးများအပေါ် ဆိုးဝါး ပြင်းထန်သော ညှင်းပန်းမှုအား ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး အမျိုးသမီးများအပေါ် လူမဆန်သော အပြစ်ပေးခြင်းပုံစံအားလုံးအား အဆုံးသတ်ရမည်ဖြစ်သည်။
 
တရုတ်ကဲ့သို့ ဖွံ့ဖြိုးပြီး လူ့အဖွဲ့အစည်းသည် အမျိုးသမီးများအား လေးစားမှုမရှိဘဲ ၎င်းတို့၏ ထိရောက်သော ပါဝင်မှုအတွက် အခွင့်အလမ်း မဖန်တီးခြင်းအားဖြင့် အမျိုးသမီးအခွင့်အရေး ကာကွယ်ရန် ကျဆုံးမှုကြောင့် လုံးဝရေရှည်တည်တံ့မည် မဟုတ်သည့်အပြင် ရွံရှာဖွယ် တရားမမျှတမှုပင်ဖြစ်သည်။ ကမ္ဘာ့အသိုင်းအဝိုင်းသည်လည်း အတူတကွ လက်တွဲကြကာ တရုတ်တွင်း တိုင်းရင်းသား လူနည်းစု အမျိုးသမီးများအပေါ် ညှင်းပန်းနှိပ်စက်မှုများအား ရပ်တန့်ရန် CCP အား တောင်းဆိုသင့်သည်။ ၎င်းသည် ခိုင်မာသော စိတ်ဓာတ်အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားသည် ချဉ်းကပ်မှုအား အသုံးပြုခြင်းဖြင့် ကမ္ဘာကြီးသည် လိုအပ်သော ပြောင်းလဲမှုကို ယူလာနိုင်ပြီး ကမ္ဘာအား တဖြည်းဖြည်း ခြိမ်းခြောက်လာနိုင်သော တရုတ်၏ ကြောက်မက်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှု အပြုအမူများအား စိန်ခေါ်လာနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly