ဂျိုးဘိုင်ဒန်သည် ပေကျင်းအပေါ် တင်းကြပ်နိုင်ချေရှိသည့်အတွက် အမေရိကန်နှင့် ဆွေးနွေးရန် တရုတ် တောင်းဆို

 ဂျိုးဘိုင်ဒန်သည် ပေကျင်းအပေါ် တင်းကြပ်နိုင်ချေရှိသည့်အတွက် အမေရိကန်နှင့် ဆွေးနွေးရန် တရုတ် တောင်းဆို

ဒီဇင်ဘာ ၁၀

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်သည် တရုတ်အပေါ် တင်းကြပ်နိုင်သည့် အလားအလာရှိသည့်အတွက် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပေကျင်းနှင့် အမေရိကန်တို့သည် ‘အဆင့်တိုင်းအတွက် တွေ့ဆုံဆွေးနွေးမှု စတင်သင့်ကြောင်း’ တနင်္လာနေ့က ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဒါရိုက်တာဘုတ်အဖွဲ့နှင့် အစည်းအဝေးတွင် ဝမ်က “တရုတ်နဲ့ အမေရိကန်က အဆင့်တိုင်းအတွက် ဆွေးနွေးမှုတွေလုပ်သင့်တယ်။ မည်သည့်အရေးကိစ္စကို မဆို ဆွေးနွေးရေးစားပွဲမှာ ဆွေးနွေးနိုင်တယ်။ ပြီးတော့ မဟာဗျူဟာမြောက် ရေရှည်အရေးကိစ္စတွေကို ဆက်လက် ဆွေးနွေးနိုင်တယ်၊ တရုတ်ဘက်ကတော့ ဆွေးနွေးဖို့ အမြဲအဆင်သင့်ပဲ။ ဒီဘက်ကနေ ဆွေးနွေးပွဲ၊ ပူးပေါင်းမှုမြှင့်တင်ဖို့နဲ့ ကွဲပြားခြားနားမှုတွေကို ဖြေရှင်းဖို့ ခေါင်းစဉ်တွေကို အကြမ်းရေးဆွဲနိုင်ပါတယ်”ဟု ပြောကြားခဲ့ကြောင်း  Sputnik က ဝမ်ကို ကိုးကားရေးသားထားသည်။  

 ဘိုင်ဒန်သည် တရုတ်အားရင်ဆိုင်ရန် ကာလရှည်ကြာဆုံးဖြတ်ထားခဲ့သည့်အတိုင်း အမေရိကန်မိတ်မဖက်များနှင့် အင်အားစုရုံးရန်ကတိအား အင်အားတောင့်တင်းစွာ နိုင်ငံပေါင်းစုံ အကျိုးရှိရှိလုပ်ဆောင်လာနိုင်ကြောင်း အစီရင်ခံစာများအကြား ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ‘ခေါင်းဆောင်ကောင်း’ဟု ပြောဆိုခဲ့ချန်တွင် ဖေဖော်ဝါရီလတွင် ဘိုင်ဒန်သည် ရှီ ‘ရာဇဝတ်သား’ဟု ပြောဆိုခဲ့ကာ ကုန်သွယ်ရေး ဆွေးနွေးပွဲစားပွဲတွင် အားသာချက်များရရှိရန်အတွက် ဟောင်ကောင်နှင့် ရှင်ကျန်းတွင် တရုတ်သမ္မတ၏ ရက်စက်မှုများအား ပေကျင်းအား တာဝန်ယူခိုင်းခြင်းမှ ရှောင်ထွက်ခဲ့ခြင်းကိုလည်း ဝန်ခံခဲ့သည်ဟု Canadian journal Ottawa Citizen မှ တယ်ရီ ဂလာဗင် က ရေးသားထားသည်။

 ဘိုင်ဒန်သည် ပေကျင်း၏ ဝီဂါများအား အစုလိုက်အပြုံလိုက် အကျဉ်းချမှုနှင့် ဝီဂါယဉ်ကျေးမှု ဖျက်စီးမှုတို့အား လူမျိုးတုံးသတ်ဖြတ်ခြင်းအဖြစ် ပြောဆိုခဲ့ကြောင်း ဂလာဗင်က ရေးသားထားသည်။

လွန်ခဲ့သောနှစ်နှစ်တွင် ထရမ့်က “သမ္မတရှီနဲ့ ကျွန်တော်က အမြဲတမ်း မိတ်ဆွေကောင်းတွေ ဖြစ်နေမှာပါ။ သူက တရုတ်အတွက် ရှိပြီး ကျွန်တော်က အမေရိကန်အတွက် ရှိနေမှာပါ။ အဲဒါတွေထက် ကျွန်တော်တို့က အချင်းချင်းချစ်ကြပါတယ်”ဟု ဆိုခဲ့သည်။ သူသည်လည်း ရှင်ကျန်းအရေးနှင့် ပတ်သတ်၍ ရှီအား မသိမျက်ကွယ်ပြုထားပေးခဲ့သည်။

 ယနေ့အချိန်ထိ အမေရိကန်နှင့် ကမ္ဘာ့လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများသည် ရှီကျင့်ဖျင်၏ ရန်လို ရိုင်းစိုင်းသည့် အပြုအမူများအား မြေပုံတစ်ခွင်တွင် တွေ့နေရသည်။

ပြဿနာများသည် ဟောင်ကောင်အရေး၊ ပေကျင်းသည် တားကစ်မွတ်စလင်ဝီဂါလူနည်းစုများအပေါ် ကျွန်ပြုခြင်းနှင့် ဖျက်စီးခြင်းများ လုပ်ဆောင်နေသည့် ရှင်ကျန်းအရေး၊ ကုလသမ္မဂ အေဂျင်စီများအား သိမ်းပိုက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းအပေါ် အလွဲသုံးစားလုပ်ခြင်းများနှင့် တစ်နိုင်ငံပြီး တစ်နိုင်ငံအပေါ် “ဓားစာခံ သံတမန်ရေး” ထားရှိခြင်းတို့ကြောင့် ဖြစ်သည်။

 တရုတ်၏ G20 စီးပွားရေးများမှတစ်ဆင့် ဉာဏပစ္စည်းပိုင်ဆိုင်မှုများ များစွာခိုးယူမှု၊ တောင်တရုတ်ပင်လယ်ပြင်အား သိမ်းပိုက်မှုနှင့် ကနေဒါအပါအဝင် ကမ္ဘာ့အဆင့်မြင့် စီးပွားရေးများမှတစ်ဆင့် ပေကျင်း United Front Work Department မှ လုပ်ဆောင်နေသော စိန်ခေါ်မှုမရှိ ကြီးကြပ်မှုနှင့် လွှမ်းမိုးမှု လုပ်ဆောင်ချက်များ အများအပြားလုပ်ဆောင်ခြင်းတို့သည်လည်း ကမ္ဘာ့လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများအား ပူပန်စေသည့် အရေးများပင်ဖြစ်သည်။

ကွန်ဂရက်ရှိ ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်တို့သည် တရုတ်အား ရည်ရွယ်၍ ဥပေဒေကြမ်း ၃၀၀ ကျော်အား သီးခြားရေးဆွဲထားပြီး ဟောင်ကောင်နှင့် ရှင်ကျန်းရှိ ဒုက္ခဆိုးများအား ရည်ညွှန်းသည့် အရေးကြီးသော ဥပဒေကြမ်းများအား ပါတီနှစ်ခုမှ ထောက်ခံခဲ့သည်။

 အမေရိကန် အမျိုးသား လုံခြုံရေးအား တရုတ်ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်မှုများရှိသည့်အကြား ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရပ်ဘက်နှင့် စစ်ဘက် ထုတ်လုပ်မှုများတွင် ပါဝင်နေသော တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်လက်လီ ရင်းနှီးမြှုပ်နှံသူများက မသိပဲ ရင်းနှီးမြှုပ်နှံနေသော အမေရိကန်စတော့ အိတ်ချိန်းတွင်ပါဝင်သည့် တရုတ်ကုမ္ပဏီ ၈၀ ကျော်အား စာရင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly