နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ကြောင်းများအရေးတွင် ဆက်လက်တည်ရှိနေနိုင်ရန် မြစ်အောက်ဘက်ရှိနိုင်ငံများ၏ အကျိုးစီးပွားများအား မထိခိုက်ရန် တရုတ်အား အိန္ဒိယတောင်းဆို

 နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ကြောင်းများအရေးတွင် ဆက်လက်တည်ရှိနေနိုင်ရန် မြစ်အောက်ဘက်ရှိနိုင်ငံများ၏ အကျိုးစီးပွားများအား မထိခိုက်ရန် တရုတ်အား အိန္ဒိယတောင်းဆို

ဒီဇင်ဘာ ၉

အိန္ဒိယသည် ဗြမပုတ္တရပေါ်တွင် ဆည်ဆောက်ရန် အဆိုပြုသည့် အစီရင်ခံစာများနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုကို တရုတ်ထံသို့ တင်ပြခဲ့ပြီး ၎င်း၏ အကျိုးစီးပွားများအား မထိခိုက်သင့်ကြောင်း ပြောကြားခဲ့သည်။

MEA ပြောရေးဆိုခွင့်ရှိသူ Anurag Srivastava က အပတ်စဉ်ရှင်းလင်းပွဲတွင် အစိုးရသည် ဗြမပုတ္တရပေါ်တွင် တိဘက်၍ အဓိက ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ရည်ရွယ်ကြောင်း မီဒီယာသတင်းပေးပို့ချက်များအား သတိပြုမိကြောင်း ပြောကြားခဲ့သည်။
 
“ဒီအရေးနဲ့ ပတ်သတ်ပြီး တစ်ချို့ မီဒီယာတင်ပြချက်တွေကို သတိပြုမိခဲ့တယ်။ အစိုးရအနေနဲ့ ဗြမပုတ္တရမြစ် အပေါ်မှာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ နယ်စပ်ဖြတ်ကျော်မြစ်က ရေတွေကို အသုံးပြုသူ အခွင့်ရေးရရှိထားတဲ့ မြစ်စုန်အနိမ့်ပိုင်းနိုင်ငံ ဖြစ်တာကြောင့် အစိုးရအနေနဲ့ တရုတ်အာဏာပိုင်တွေကို သူ့ရဲ့ အမြင်တွေ ပူပန်မူတွေကို တောက်လျောက်တင်ပြနေပြီးတော့ မြစ်ညှာပိုင်းဒေသက လုပ်ဆောင်မှုတွေက မြစ်စုန်ဒေသ နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို မထိခိုက်တာ သေချာစေဖို့ တိုက်တွန်းထားတယ်။”

“တရုတ်ဘက်က သူတို့အနေနဲ့ ဗြမပုတ္တရမြစ်ရေ လမ်းကြောင်းပြောင်းတာမပါဝင်တဲ့ မြစ်ရေစီးဆင်းတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေပဲ လုပ်ဆောင်နေတယ်ဆိုတာကို ပြန်လည်ပြောကြားထားတယ်”ဟု သူက ပြောခဲ့သည်။

 တရုတ်သည် တိဘက်တွင် အဓိက ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် လာမည့်နှစ်တွင် အကောင်အထည်ဖော်ရန် ၁၄ကြိမ်မြောက် ၅နှစ်စီမံကိန်းတွင် ၎င်းအဆိုတင်သွင်းချက်ကို ရှင်းလင်းစွာ ဖော်ပြထားကြောင်း Global Times မှ ဖော်ပြထားသည်။

နယ်စပ်ဖြတ်ကျော် မြစ်များနှင့် ပတ်သတ်နေသည့် အရေးကိစ္စများအား ၂၀၀၆ခုနှစ်က တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်သူအဆင့်ယန္တရား အပိုင်နှင့် သံတမန်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်နှင့် ဆွေးနွေးခဲ့ကြကြောင်း Srivastava က ပြောခဲ့သည်။ “ကျွန်တော်တို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နယ်စပ်ဖြတ်ကျော်မြစ်တွေအရေးမှာ တရုတ်နဲ့ ဆက်လက် တည်မြဲနေဖို့ ရည်ရွယ်တယ်” ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly