နမ္မတူမြို့နယ် နားကျဲကျေးရွာအတွင်း ပစ်ခတ်မှုများဖြစ်

09 December 2020
နမ္မတူမြို့နယ် နားကျဲကျေးရွာအတွင်း ပစ်ခတ်မှုများဖြစ်

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာအတွင်း ဒီဇင်ဘာလ ၉ရက် နံနက် ၈နာရီခွဲခန့်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

လက်နက်ကြီးလက်နက်ငယ်အသုံးပြုမှုများရှိပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများမရှိဘဲ တစ်ဘက်တည်းပစ်ခတ်မှုများကိုသာကြားရကြောင်းဒေသခံများကပြောသည်။

နားကျဲကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်ပစ်ခတ်မှုများကြောင့် သံဃာများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly