ရန်ကုန်မှာ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး ပြန်လည်တင်းကြပ်

ရန်ကုန်မှာ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး ပြန်လည်တင်းကြပ်

ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုရော သေဆုံးမှုပါ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန့်သတ်ချက်တွေ ပိုတင်းကျပ်ထားတဲ့ Stay at Home အမိန့်ကို ဒီဇင်ဘာလလယ်အထိ ထပ်တိုး ထုတ်ပြန်ထားပေမယ့် ပြီးခဲ့တဲ့ရက်တွေအတွင်း အများပြည်သူ အပန်းဖြေရာ နေရာတွေမှာ လည်ပတ်သွားလာသူတွေ များပြားခဲ့ပြီး လူစုလူဝေး ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက် ရန်ကုန်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြန်လည် တင်းကျပ် ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ကော်မတီတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း လူသွားလူလာများခဲ့တဲ့ အင်းယားကန်ဘောင်နဲ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကိုလည်း ပြင်ပလူ ဝင်ထွက်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly