မုံရွာမှာ ပြင်းအား ၅.၄ စကေးရှိမြေငလျင်လှုပ်

မုံရွာမှာ ပြင်းအား ၅.၄ စကေးရှိမြေငလျင်လှုပ်

ဒီဇင်ဘာ ၈ ၊ ၂၀၂၀

ယနေ့ (ဒီဇင်ဘာ-၈)နံနက် ၁၁နာရီ၄၄ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင် ပြင်းအား ၅.၄ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အနက် ၆၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်းလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောသည်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသလို လူတွေထိခိုက်မှုလည်း မရှိခဲ့ကြောင်းမုံရွာမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly