ဒီဇင်ဘာ ၆
တရုတ်နှင့် ဩစတြေးလျအကြား တင်းမှာမှု ကြီးထွားလာနေချိန်တွင် ထိုင်ဝမ်သည် ပေကျင်းမှ ကျွန်းပိုင်နက် ခြိမ်းခြောက်မှုအား ကူညီကာကွယ်ရန် ကန်ဘဲရာအား တောင်ဆိုခဲ့သည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူ က တရုတ်နှင့် အရေးကိစ္စများသည် ပြင်းထန်သော စစ်ရေး လုပ်ဆောင်မှုများအကြား ပိုမို ဆိုးဝါးလာနိုင်ကြောင်း သတိပေးခဲ့ကြောင်း ABC News က တင်ပြထားသည်။တိုင်ပေသည် ပြည်တွင်း တိုးပွားလာသော ဖိအားများအား လျော့ချရန် ဓားစာခံအဖြစ် အသုံးချခံရနိုင်ကြောင်း သူက ပြောခဲ့သည်။
“ထိုင်ဝမ်တစ်ဝိုက် တရုတ်စစ်ရေးလုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် အဲ့တာတွေက ပြင်းထန်တာကို တွေ့လိမ့်မယ်။ တရုတ်စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေက ထိုင်ဝမ် ADIZ အထူးသဖြင့် ထိုင်ဝမ် ADIZ ရဲ့ အနောက်တောင်ဘက်ကို နေ့တိုင်းနီးပါ ဖြတ်ကျော်နေတာကို တွေ့နေရတယ်”ဟု ဝူ က ပြောကြောင်း ABC News က တင်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးသည် ဩစတြေးလျအပါအဝင် အကြံတူ နိုင်ငံများအား တရုတ်၏ ချဲ့ထွင်ရေးဝါဒအား ဆန့်ကျင်ရန် ထိုင်ဝမ်အား ထောက်ပံ့ရန် တောင်းဆိုခဲ့သည်။
“ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ အမေရိကန်လို အကြံတူ နိုင်ငံတွေက တရုတ်ရဲ့ နောက်ထပ် ချဲ့ထွင်မှုတွေကို ကာကွယ်ဖို့ အတူတစ်ကွ လုပ်ဆောင်နိုင်တယ်”ဟု ဝူ က ဆိုခဲ့သည်။
၎င်းသည် တရုတ်နှင့် ဩစတြေးလျအကြား ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရေးများအတွက် ကြီးထားလာသော သံတမန်ရေး ပဋိပက္ခဖြစ်သည်။
တရုတ်သည် တိုင်ပေအား “ခွဲထွက်ရေးပြည်နယ်”အဖြစ် ဆက်လက် ပြောဆိုနေပြီး အင်အားသုံး သိမ်းပိုက်ရန် ဝန်မလေးကြောင်း ပြောခဲ့သည်။
ယမန်နှစ်များအတွင် ၎င်းသည် ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကိုလည်း တိုးမြင့်ခဲ့ပြီး တရုတ်စစ်လေယာဉ် ၄၀ခန့်သည် ပြည်မအကြားရှိ ကြားမျဉ်းအား ဖြတ်လျက်ရှိသည်။
တစ်ဖက်တွင်မူ တိုင်ပေသည် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာကျ ဆက်ဆံရေးများတိုးမြှင့်ခြင်းအားဖြင့် တရုတ်ကျူးကျော်မှုအား တန်ပြန်နိုင်ခဲ့သည်။