တရုတ်အစိုးရသည် ဂါလ်ဝမ် ချိုင့်ဝှမ်း ဖြစ်ရပ်အား စီစဉ်ခဲ့ကြောင်း အမေရိကန် ထိပ်တန်း ခုံအဖွဲ့ပြော

တရုတ်အစိုးရသည် ဂါလ်ဝမ် ချိုင့်ဝှမ်း ဖြစ်ရပ်အား စီစဉ်ခဲ့ကြောင်း အမေရိကန် ထိပ်တန်း ခုံအဖွဲ့ပြော

ဒီဇင်ဘာ ၆

ပေကျင်းသည် ဂျပန်နှင့် အိန္ဒိယ နိုင်ငံများနှင့် စစ်တပ် သို့မဟုတ် ပြည်သူ့စစ်များနှင့် ရန်စနေပြီး အိမ်နီးချင်းများအပေါ် နှစ်ပေါင်းများစွာ အတင်းအကျပ် လုပ်ဆောင်မှုများ တိုးမြှင့်ခဲ့သည့်တိုင် တရုတ်အစိုးရသည် ဇွန်လက ဖြစ်ပွားခဲ့သည့် ဂါလ်ဝမ်  အဖြစ်အပျက်အား စီစဉ်ခဲ့ကြောင်း အမေရိကန် ထိပ်တန်း ခုံအဖွဲ့က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သော အစီရင်စာတွင် ဖော်ပြထားသည်။
 
အိန္ဒိယ စစ်သား ၂၀ ခန့်အား သေဆုံးစေခဲ့သည့် ဂါလ်ဝမ်  တိုက်ပွဲများအပြီး လအနည်းငယ်အကြာတွင် အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေး ကော်မရှင် (USCC) ၏ “၂၀၂၀ခုနှစ် အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေး ကော်မရှင်၏ ကွန်ဂရက်သို့ တင်သော အစီရင်ခံစာ”တွင် “တရုတ်အစိုးရအနေဖြင့် သေဆုံးမှုများအပါအဝင် ထိုအဖြစ်အပျက်(ဂါလ်ဝမ် ) အား စီစဉ်ထားကြောင်း အချို့သော သက်သေများက ညွှန်ပြနေသည်”ဟု ပါရှိသည်။

ထိုအစီရင်ခံစာတွင် “၂၀၂၀ ဇွန်လတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အိန္ဒိယ တပ်ဖွဲ့များသည် နှစ်နိုင်ငံအား ခြားထားသည့် အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း(LAC) တစ်လျောက် လဒက်ခ် ဒေသ၏ အနောက်ပိုင်း ဂါလ်ဝမ် တွင် တိုက်ပွဲကြီးကြီးမားမားဖြစ်ခဲ့သည်။ မေလအစောပိုင်းမှစ၍ LAC ၏ များစွာသော ဒေသများတစ်လျောက်ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး တိုက်ပွဲကြောင့် အိန္ဒိယစစ်သား အနည်းဆုံး ၂၀ ခန့် သေဆုံးခဲ့ရပြီး တရုတ်ဘက်မှ သေဆုံးမှုအရေအတွက်ကို မသိရသေးပေ။ ၎င်းသည် နှစ်ဖက်အကြား တိုက်ပွဲကြောင့် သေဆုံးခဲ့ရသော ၁၉၇၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။” ဟု ပါရှိသည်။

“ပေကျင်းသည် ဂျပန်နှင့် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်တပ် သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများဖြင့် ရန်စနေပြီး အိမ်နီးချင်းများအပေါ် နှစ်ပေါင်းများစွာ အတင်းအကျပ် လုပ်ဆောင်မှုများ တိုးမြှင့်ခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးမှ ပေကျင်းအား ၎င်း၏ အစွန်အဖျားဒေသများကို တည်ငြိမ်စေရန် စစ်အင်အားသုံးရန်တိုက်တွန်းပြီးနောက် ဇွန်လတွင် တရုတ်-အိန္ဒိယ နယ်စပ်တွင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၉၇၅ နောက်ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံး လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။” ဟု ပါရှိသည်။
 
ဘရွတ်ကင်းအင်စတီကျူ မှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ တန်ဗီ မဒန်အား ကိုးကား၍ အစီရင်ခံစာတွင် “ ဒေါက်တာ မဒန် အဆိုအရ တရုတ်၏ ပန်းတိုင်သည် နယ်မြေများ သိမ်းပိုက်ရန်ဖြစ်ပါက တရုတ်အစိုးရအနေဖြင့် လှုပ်ရှားမှုများအား အောင်မြင်သည်ဟု ယူဆနိုင်သည်။ သို့ရာတွင် ပေကျင်းသည် အိန္ဒိယအား သူ၏ LAC ဘက်တွင် အခြေခံအဆောက်အဦတည်ဆောက်ခြင်းကို တားဆီးရန် သို့မဟုတ် အမေရိကန်နှင့် ညှိနှိုင်းခြင်းမပြုရန် သတိပေးရန် ရည်ရွယ်ပါက တရုတ်၏ လှုပ်ရှားမှုများသည် အကျိုးဖြစ်ထွန်းမှု မရှိခဲ့လျင် အကျိုးသက်ရောက်မှုမရှိပါ”ဟု ဖော်ပြထားသည်။

“တရုတ်အစိုးရအနေဖြင့် သေဆုံးမှုများအပါအဝင် ထိုအဖြစ်အပျက်အား စီစဉ်ထားကြောင်း အချို့သော သက်သေများက ညွှန်ပြနေသည်။ ဥပမာအားဖြင့် တိုက်ပွဲမဖြစ်ခင် ရက်သတ္တပတ်အနည်းငယ်အလိုတွင် ကာကွယ်ရေးဝန်ကြီး Wei က ပေကျင်းအား တည်ငြိမ်အေးချမ်းမှုကို မြှင့်တင်ရန် တိုက်ခိုက်ရန် တိုက်တွန်းအားပေးခဲ့သည်” ဟု အစီရင်ခံစာတွင် ပါရှိသည်။
 
ဂါလ်ဝမ်  တိုက်ပွဲများ မဖြစ်ပွားခင် အခြားအဖြစ်အပျက်အား ရည်ညွှန်း၍ “အဖြစ်အပျက်မတိုင်မီ နှစ်ပတ်အလိုအလောက်တွင် တရုတ်ခေါင်းဆောင်များ၏ တင်းမားမှုများ ဆိုးဝါးစေရန် ရည်ရွယ်ချက်အား ဖော်ပြသည့် နောက်ထပ် အလားအလာရှိသော အချက်အရ တရုတ် နိုင်ငံပိုင် သတင်းစာ ဂလိုဘယ်တိုင်းမ် ၏ သတင်းစာခေါင်းကြီးပိုင်းတွင် အိန္ဒိယသည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအကြား ဝင်ပါပါက တရုတ်နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများအား အကြီးအကျယ် ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ အသေအပျောက်ရှိခဲ့သည် တိုက်ပွဲမဖြစ်ပွားခင် တစ်ပတ်အလိုတွင် ဂါလ်ဝမ်  ချိုင့်ဝှမ်းတွင် တရုတ်သည် PLA စစ်သား ၁,၀၀၀ ခန့်ရှိ ကြီးမားသော အဆောက်အဦ ရှိနေကြောင်းကို ဂြိုဟ်တု ပုံရိပ်များမှ တွေ့ရသည်”ဟု ရေးသားထားသည်။

နှစ်နိုင်ငံသည် နယ်စပ်တစ်လျောက် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူး ရှီသည် အာဏာရပြီးသည့်အချိန်မှ စ၍ နှစ်နိုင်ငံသည် နယ်စပ်တစ်လျာက် အဓိက အငြင်းပွားမှု ၅ ခုရှိခဲ့ကြောင်း အမေရိကန် ထိပ်တန်း ခုံအဖွဲ့က ဆိုခဲ့သည်။ “ယခုနှစ် LAC တွင် တရုတ်အစိုးရ၏ ရန်စသော အပြုအမူများ နောက်ကွယ်မှ အကြောင်းရင်းများအား ရှင်းရှင်းလင်းလင်းမသိရပေ။”
 
တရုတ်နှင့် အိန္ဒိယ တပ်ဖွဲ့များသည် လဒက်ခ် အရှေ့ပိုင်း LAC တစ်လျောက်တွင် မေလအစောပိုင်းမှ စ၍ ပဋိပက္ခ ဖြစ်ပွားနေခဲ့သည်။ LAC တစ်လျောက်အခြေအနေသည် နှစ်ဖက်လုံး အသေအပျောက်ရှိခဲ့သော ဂါလ်ဝမ်  ချိုင့်ဝှမ်း တိုက်ပွဲအပြီး ဇွန်လတွင် ပိုမိုဆိုးလာခဲ့သည်။

ဇွန် ၁၅ နှင့် ၁၆ တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲအတွင်း အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့သည်။ ၎င်းသည်  လဒက်ခ် အရှေ့ပိုင်းတွင် စစ်ပွဲအခြေအနေလျော့လာချိန်တွင် တရုတ်တပ်ဖွဲ့များမှ အခြေအနေအား တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly