ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၆ဦးထက်မနည်း နုတ်ထွက်  စာတင်ထားတယ်ဆိုတဲ့ သတင်းအမှား 

04 December 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၆ဦးထက်မနည်း နုတ်ထွက်  စာတင်ထားတယ်ဆိုတဲ့ သတင်းအမှား 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၆ဦးထက်မနည်း နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။ 

ဒီသတင်းကိုတော့ နေမင်းခဆိုတဲ့ အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ Likeလုပ်သူ ၆၅၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၁ထောင်လောက်ရှိပါတယ်။ 

ပါဝင်တဲ့အကြောင်းအရာကတော့ UEC ကော်မရှင်းမှ ခေါင်းဆောင်အပါဝင်အဖွဲ့ဝင် ၆ ဦးထက်မနဲ နှုတ်ထွက်စာ တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ အတူ  တပ်မတော်မှ စုံစမ်းစစ်ဆေးရမည့် မဲစာရင်းစာရွက်စာတမ်းများအား ဖျောက်ဖျက်ပစ်ပါက နိုင်ငံတော်အာဏာ လိမ်လည်ရယူမှုဖြင့် သော်လည်းကောင်း -နိုင်ငံတော် လုံခြုံရေး ကျိုးပေါက်စေရန် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ၊ အခြေခံဥပဒေပါလိုက်နာရမည့် ဥပဒေကြောင်းအရ -အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆၈ နှစ်မှ ၉၀ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရဆိုပြီး ပါဝင်ပါတယ်။
ဆုမြတ်မေဇော်ကဆက်လက်တင်ဆက်ပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly