ဗီယက်နမ် ဗဟိုဘဏ်ကြီးအတွက် ပထမဆုံး အမျိုးသမီး အကြီးအကဲ  

By Nikkei Asia
04 December 2020
ဗီယက်နမ် ဗဟိုဘဏ်ကြီးအတွက် ပထမဆုံး အမျိုးသမီး အကြီးအကဲ  

ဒီဇင်ဘာ ၄

လွန်ခဲ့သည့်နှစ်များကပင်ဗီယက်နမ်အမျိုးသမီးများသည်အစိုးရဌာနများနှင့်ကုမ္ပဏီများတွင်အရေးပါ သောရာထူးများကိုပိုမိုရရှိလာကြသည်။နိုဝင်ဘာလ (၁၂ )ရက်နေ့က ဗီယက်နမ်ဗဟိုဘဏ်အုပ်ချုပ်ရေးမှုး သစ်အဖြစ်အသက် ၅၂ နှစ်အရွယ် ငုယင်သီဟွန်းအားတရားဝင်ခန့်အပ်ခဲ့ရာ၎င်းသည်ဗဟိုဘဏ်ထိပ်တန်း ရာထူးတွင်ခန့်အပ်ခံရသည့်ပထမဆုံးအမျိုးသမီးဖြစ်လာသည်။ 

အခြားအမျိုးသမီးများသည်လည်းအရေးပါသောရာထူးများတွင်ခန့်အပ်ခြင်းခံရသည်။ 

၂၀၁၆ ခုနှစ်တွင် ငုယင်သီကင်ဂန် သည်ပထဆုံးအမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး မြောက်ကိုရီး ယားခေါင်းဆောင်ကင်ဂျုံအန် အပါအဝင်ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်အများအပြားနှင့်တွေ့ဆုံခဲ့သည်။ 

၂၀၁၈ခုနှစ်တွင်ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ် ရုတ်တရက်သေဆုံးခဲ့သဖြင့်ဒုတိယသမ္မတ ဒန်သီငွန်သင် မှယာယီသမ္မတအဖြစ်တာဝန်ယူခဲ့ရာ၎င်းသည်ဗီယက်နမ်နိုင်ငံ၏ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့သည်။ 

စီးပွားရေးကဏ္ဍတွင်ဗီယက်ဂျက်လေကြောင်းလိုင်းတည်ထောင်သူငုယင်သီပွန်သောင် သည် ၂၀၁၇ခုနှစ် တွင်ဈေးနှုန်းချိုသာစွာစီးနင်းနိုင်မည့်လေကြောင်းလိုင်းကိုပြေးဆွဲကာဗီယက်နမ်၏ပထမဆုံးဘီလီယံချီ ချမ်းသာသောအမျိုးသမီးဖြစ်လာခဲ့သည်။ 

ဗီယက်နမ်နိုင်ငံတွင်အမျိုးသမီးများမှာအရေးပါသည့်လုပ်သားများဖြစ်လာသော်လည်း အဓိကကျသော ရာထူးများတွင်အမျိုးသားများကြီးစိုးနေဆဲဖြစ်သည်။ဗီယက်နမ်လူမျိုးအများစုမှလည်းအမျိုးသမီးများ သည် အမျိုးသားများ နောက်တွင်သာရှိနေသင့်သည်ဟုယူဆနေကြဆဲဖြစ်သည်။ 

လက်ရှိအချိန်တွင်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်သစ်မည်သူဖြစ်လာမည်ကိုအားလုံးက စောင့်ကြည့်လျက်ရှိသည်။ငါးနှစ်တစ်ကြိမ်ကျင်းပပြီးနိုင်ငံရေးအရဦးဆောင်သူများအပြောင်းအရွှေ့ပြုလုပ် လေ့ရှိသည့်ပါတီကွန်ဂရက်ကိုဇန်နဝါရီလတွင်ကျင်းပတော့မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင်အရေးပါ သည့်ရာထူး များတွင်အမျိုးသမီးများပိုမိုခန့်အပ်ခံရလျက်ရှိသောကြောင့် အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌ  ဂန် သည်အထွေအထွေအတွင်းရေးမှူးချုပ်အဖြစ်ရာထူးတိုးမြှင့်ခံရမည့်အခွင့်ကောင်းကိုရရှိလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly