ဒီဇင်ဘာ ၄ ၊ ၂၀၂၀
Moderna Inc ဆေးဝါးကုမ္ပဏီက ၎င်း၏ စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးပေါင်း သန်း ၁၀၀ နှင့် ၁၂၅ သန်းကြားကို ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ကမ္ဘာအနှံ့ ဖြန့်ဝေသွားရန် မျှော်လင့်ထားကြောင်း ကြာသပတေးနေ့တွင် ပြောသည်။
ကာကွယ်ဆေး ၈၅ သန်းနှင့် သန်း ၁၀၀ ကို အမေရိကန်နိုင်ငံတွင် ရရှိနိုင်မည်ဖြစ်ပြီး ၁၅ သန်းမှ ၂၅ သန်းကို နိုင်ငံပြင်ပက ရရှိနိုင်မည်ဟု ယင်း ကုမ္ပဏီက ဆိုသည်။
ပထမ သုံးလပတ်တွင် ထုတ်လုပ်သော ကာကွယ်ဆေး သန်း ၅၀၀ မှ ၁ ဘီလီယံကြားကို ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာအနှံ့ ရရှိသွားနိုင်အောင် ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်းလည်း Moderna ကုမ္ပဏီက ပြောသည်။
ယင်း ကုမ္ပဏီထုတ် mRNA-1273 ကာကွယ်ဆေးအား အစောပိုင်း စမ်းသပ်မှု ရလဒ်တွင် ကာကွယ်စွမ်းအား မြင့်မားသော်လည်း ပဋိပစ္စည်းများအား အနည်းငယ်အာနိသင် လျော့ပါးသည်ကို တွေ့ရှိခဲ့သော်လည်း သုံးလတာ စမ်းသပ်ခံအားလုံးဖြင့် စမ်းသပ်အပြီးတွင် စွမ်းဆောင်ရည် မြင့်မားသည်ကို တွေ့ရှိကြောင်း ကုမ္ပဏီက ပြောသည်။