ပါရီဆင်ခြေဖုံးရပ်တွင် နိုဝင်ဘာ ၁၃ တိုက်ခိုက်မှုကျုးလွန်သူသံသယရှိသူများ ရှိသည့် တိုက်ခန်းကို ဝင်စီးခဲ့သော်လည်း တိုက်ခိုက်မှုများအား အဓိကကြိုးကိုင်သူ၏ ကံကြမ္မာက မည်သို့ရှိသည်ကို မသိရသေးဘဲ ရှိနေဆဲဖြစ်သည်ဟု ပြင်သစ်ရှေ့နေချုပ်က ပြောသည်။
အဗ္ဗဒယ်ဟာမစ်အဘာအော့ ဆိုသူသည် တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဖြစ်ပြီး စိန့်ဒင်းနစ်ဆင်ခြေဖုံးရပ်တွင် ရဲက ဝင်စီးခဲ့ရာ ဖမ်းမိလူရှစ်ဦးတွင် မပါဝင်လာကြောင်း ဖရန့်စွာမိုလင်းက ပြောသည်။
သို့သော် တိုက်ခန်းအပျက်အစီးများအောက် သေဆုံးသူများ၏ အလောင်းများကို စစ်ဆေးအတည်ပြုနေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စီးနင်းမှုတွင် သံသယရှိ အမျိုးသမီးတစ်ဦးက ကိုယ်ကိုကို ဗုံးဖောက်ခွဲသေဆုံးကာ ကျန်တစ်ဦး ပစ်သတ်ခံရ သေဆုံးသည်။
တိုက်ခန်းမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသဖြင့် အပျက်အစီးပုံများကြား နောက်ထပ် သေဆုံးသူအလောင်းရှိနေနိုင်မလားဆိုသည်က မကျိန်းသေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။
အဘာအော့သည် လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများနှင့် ဗုံးခွဲမှုများကို ကြိုးကိုင်စီစဉ်သူဖြစ်နိုင်ကြောင်း ယူဆထားသည်။
စိန့်ဒင်းနစ်အရပ် တိုက်ခန်းတွဲကို ရဲက ဝင်စီးရာတွင် ရဲက ပစ်ခတ်မှုပေါင်း ကျည်ဆန် ၅၀၀၀ ဝန်းကျင်အထိ ပစ်ခတ်ဝင်စီးနင်းခဲ့ရသည်။ တိုက်ခန်းတွင် အပြင်းအထန် တိုက်ပွဲပစ်ခတ်မှုများဖြစ်၍ ပြိုကျခါနီးအထိ ပျက်စီးခဲ့သည်။
စီးနင်းမှုအတွင်း အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref ; BBC