အမျိုးသား ရင်ကြားစေ့ရေး ရောင်နီသန်းနို်င်ပါစေ

အမျိုးသား ရင်ကြားစေ့ရေး ရောင်နီသန်းနို်င်ပါစေ

အမှန်တကယ် အားဖြင့်ဆိုလျင် အမျိုးသား ရင်ကြားစေ့ရေးဟူသည့် စကားလုံးကို တချိန်က အသုံးပြု ဖေါ်ပြဖို့ရာ အခွင့်မသာခဲ့ပါချေ။ တချို့သော အင်အားစုများက အမျိုးသား ရင်ကြားစေ့ရေး ဆိုသည်မှာ မလိုအပ်သည် စကားလုံးအဖြစ် အစဉ်တစိုက် သဘောထားနေခဲ့ကြ၏။ သူတို့ဆိုလိုသည် မှာ သဘောထား ကွဲလွဲကြကာ အပြန်အလှန် ပြစ်တင်စွပ်စွဲလျက် အကြမ်းဖက် ဖြေရှင်းသည် အထိ ဖြစ်လာနေသည့်တိုင် ယင်းကိစ္စမှာ အမျိုးသားရေးကိစ္စ မဟုတ်၊ အမျိုးသား သွေးကွဲမှုမဟုတ်ပဲ လူတစ် စု အဖွဲ့အစည်း တစ်ခုတစ်လေ၏ ဆူပူသောင်းကျန်းမှုအဖြစ်သာ အဓိပ္ပါယ် သတ်မှတ် ခဲ့ကြသည်။ ထို့ကြောင့် ပြန်လည်ညီညွတ်ရန် မလိုပဲ အမြစ်ပြတ် ချေမှုန်းကြရန်သာ ရှိသည်ဟု အစဉ်တစိုက်ပင် ယူဆ သတ်မှတ်ခဲ့ကြ၏။ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အမျိုးသား သွေးကွဲမှုကြီးသည်သာ အချိန်ကြာ မြင့်စွာ အမြစ်တွယ် ခိုင်မာနေခဲ့ရလေသည်။

မိမိတို့နိုင်ငံ အမျိုးသား သွေးကွဲမှုကြီး၏ အစမှာ လွတ်လပ်စ နိုင်ငံတော်သစ် စတင်ထူထောင် ကာစ အချိန်ကတည်းက စခဲ့ခြင်း ဖြစ်သည်။ ကွန်မြူနစ် ဖြူနီများ။ လူမျိုးစု လက်နက်ကိုင် အင်အားစု များ လွတ်လပ်စ ကာလမှာပင် တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်း စစ်မီးကြီးမှာလည်း ပြည်သူ တို့၏ ဘဏ္ဍာငွေများ၊ အသက်အိုးအိမ် စည်းစိမ်များကို မီးစာအဖြစ် အသုံးပြုကာ အမျိုးသား သွေးကွဲ မှုကြီး အထွဋ်အထိပ်သို့ ရောက်ခဲ့ရလေသည်။ ကမ္ဘာပေါ်တွင် လက်နက်ကိုင် တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများ လူမျိုးစုများ အများဆုံး တိုင်းပြည်တစ်ခု၊ ပြည်တွင်းစစ် အကြာဆုံး တိုင်းပြည်တစ်ခု အဖြစ် ကမ္ဘာပေါ်တွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့ရသည်။

ယခုအခါ ပြည်တွင်းစစ်မီးကြီး ဖြစ်ပွားခဲ့ရသည်မှာ နှစ် ၆၀ ခဲ့ပြီဖြစ်သည်။ မိမိတို့ပြည်သူများ သေဆုံး ပျောက်ဆုံးခဲ့ရသည့် အရေအတွက်၊ ဆုံးရှုံးခဲ့ရသည့် အိုးအိမ် မြေယာပိုင်ဆိုင်မှုများရဲ့ တန်ဘိုး အစရှိ သည်ကို တွက်ချက်လို့ပင် မရနိုင်လောက်အောင် ခန့်မှန်းလို့ပင် မစွမ်းနိုင်လောက်အောင် အတိုင်းအဆအားဖြင့် ကြီးမားခဲ့သည်ကို အားလုံးအသိပင် ဖြစ်သည်။ အဆိုးဝါးဆုံး ကျဆုံးမှုမှာ မိမိတို့ ပြည်သူများ အချင်းချင်းကြား အပြန်အလှန် ယုံကြည်မှုကြီးပင် ဖြစ်သည်။

ယခုတော့ ဗဟိုအစိုးရအပေါ် ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည့် လူမျိုးစုများ၊ အဖွဲ့အစည်း များအပြင် အာဏာရ အစိုးရကိုယ်တိုင်က အမျိုးသား ရင်ကြားစေ့ရေးကို ပြောဆိုလာနေကြပြီ ဖြစ် သည်။ ပြည်တွင်းစစ်ကြီး နိဂုံးချုပ်ချိန်တန်ပြီဟူသည့် အသံများကိုလည်း လူသိထင်ရှား ကြားလာ ကြရသည်။ ပုံသဏ္ဍာန်အမျိုးမျိုးသော ချဉ်းကပ်မှုများဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြား စေ့ရေး ရရှိရန် လမ်းစများကို ရှာဖွေလာကြပြီ ဖြစ်သည်။

အမျိုးသား ရင်ကြားစေ့ရေး သို့မဟုတ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကတော့ မဖြစ်မနေ လုပ်ကြရမှာ ဖြစ်သည်။ သို့သော် တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲ ပစ်တင် သည်နည်း အပြန်အလှန် တရားခံရှာသည့် နည်းဖြင့်မူ အမျိုးသား ရင်ကြားစေ့ရေးက လုံး၀ ဖေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ အထွေထွေ သင်ပုန်းချေသည့်နည်းကို ဦးစွာပထမ အသုံးပြုကြရမည်ဖြစ် သည်။ ထို့နောက် အပြန်အလှန် အသိအမှတ်ပြုခြင်း၊ အပြန်အလှန် လေးစားခြင်းတို့ကို အခြေ ခံကာ စားပွဲဝိုင်း ထိုင်ကြရမည် ဖြစ်သည်။ စစ်မြေပြင်မှသည် စားပွဲဝိုင်းဆီသို့ ကူးကြရမည်ဖြစ်သည်။

ယခုအခါ အစိုးရသစ် တက်လာတော့မည် ဖြစ်သည်။ ယင်း ပြည်သူ့ဆန္ဒဖြင့် တက်လာမည့် အစိုးရသည် ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆီးပေးရမည် ဖြစ်သည်။ ပြည်သူတို့သည် စစ်ကို မုန်းတီးနေ ကြပြီဖြစ် သည်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြီးကို နိဂုံးချုပ်စေချင်ပြီ ဖြစ်သည်။

ထို့ကြောင့် မကြာမီတက်လာမည့် အစိုးရသစ်သည် လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အ စည်းများသည် လည်းကောင်း၊ ပြည်သူတို့သည် လည်းကောင်း ပြည်တွင်းစစ် ကြီးရပ်စဲကာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကြီး အမြန်ပေါ်ပေါက်ဖို့ တောင်းဆိုကြရမည်သာ ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags