ပါရီတိုက်ခိုက်သူများတိုက်ခန်းကို ရဲက ဝင်စီးရာ ပေါက်ကွဲပစ်ခတ်မှုများဖြစ်၊ သံသယရှိ အမျိုးသမီး ကိုယ်ကိုကို ဗုံးဖောက်ခွဲ

ပါရီတိုက်ခိုက်သူများတိုက်ခန်းကို ရဲက ဝင်စီးရာ ပေါက်ကွဲပစ်ခတ်မှုများဖြစ်၊ သံသယရှိ အမျိုးသမီး ကိုယ်ကိုကို ဗုံးဖောက်ခွဲ

နိုဝင်ဘာ ၁၃ ပါရီတိုက်ခိုက်သူများဟု သံသယရှိသူများနောက် လက်နက်ကိုင်ရဲများ ခြေရာခံလိုက်လံရာတွင် ဆင်ခြေဖုံးရပ် စိန့်ဒင်းနစ်အရပ်ရှိ တိုက်ခန်းတစ်ခန်းကို ဝင်စီးရာမှ ပေါက်ကွဲပစ်ခတ်မှုများ စီညံစွာ ထွက်ပေါ်သွားသည်။

စီးနင်းမှုအတွင်း လူနှစ်ဦးသေဆုံးရာ တစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပါရီတိုက်ခိုက်မှု သံသယရှိရသူဖြစ်သည်။ ယင်းအမျိုးသမီးက ဗုံးခါးပတ်ကို ကိုယ်တိုင်ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်။ စီးနင်းမှုအတွင်း လူခုနစ်ဦးကို ဖမ်းဆီးရကြောင်း ရဲကပြောသည်။

အဆိုပါ စီးနင်းစစ်ဆင်မှု ပြီးစီးကြောင်း အစိုးရပြောခွင့်ရသူတစ်ဦးက အတည်ပြုသည်။

ယခုစီးနင်းမှုသည် လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုကို အဓိကနောက်ကွယ်က ကြိုးကိုင်သူကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

အဗ္ဗဒယ်ဟာမစ်အဘာအော့ဆိုသူ အသက် ၂၇ နှစ် ဘယ်လ်ဂျီယမ်နိုင်ငံသားက ပါရီတိုက်ခိုက်မှုကို အဓိကကြိုးကိုင်ခဲ့သည်ဟု ဆိုသော်လည်း အတည်ပြုသတင်းများ ထွက်ပေါ်သေးခြင်းမရှိသေးပေ။

"ကျွန်တော် သေနတ်သံတွေ စီခနဲ အဆက်မပြတ်ထွက်လာတာကို ကြားရတယ်။ ဗျောက်အိုးမီးပန်းတွေ အတွဲလိုက် ဖောက်တဲ့အတိုင်းပဲ။"ဟု ဒေသခံတစ်ဦးက ယခုစီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘီဘီစီသို့ ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly