မြန်မာမှ မဏိပူသို့ အိန္ဒိယနိုင်ငံသား ၃၄ဦးအား လွှဲပြောင်းပေးအပ်

မြန်မာမှ မဏိပူသို့ အိန္ဒိယနိုင်ငံသား ၃၄ဦးအား လွှဲပြောင်းပေးအပ်

နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံတွင် အမှုအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသည့် အိန္ဒိယနိုင်ငံသား ၃၄ဦးအား ကြာသပတေးနေ့တွင် မြန်မာအစိုးရက အိန္ဒိယသို့ ပြန်လည်ပို့ဆောင်လွှဲပေးခဲ့သည်။

အိန္ဒိယနိုင်ငံသားများအား မဏိပူပြည်နယ် မိုးရေး နယ်စပ်မြို့တွင် မဏိပူ အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။ မိုးရေးသည် အိန္ဒိယ- မြန်မာနယ်စပ် အင်ဖားမှ ၁၁၀ကီလိုမီတာအကွာတွင် တည်ရှိသည်။ ပြန်လည်ပို့ဆောင်ပေးခဲ့သူအများစုမှာ မဏိပူမှဖြစ်ပြီး တြိပူရ၊ မီဇိုရမ်နှင့် နှင့် အူဒရာ ပရာဒေ့ရှ်မှ တစ်ဦးစီပါဝင်သည်။
 
မဏိပူ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ယန်ခွန် ရက်ရှ်နီက ပြည်နယ်အစိုးရသည် ပြန်လည်ပို့ဆောင်လာသူများအား လွှဲပြောင်းခြင်းနှင့် လက်ခံခြင်းအား ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ပြန်လည်ပို့ဆောင်ခြင်းအားလုံးသည် ဝန်ကြီးဌာန၏ သံတမန်ရေးလမ်းကြောင်းဖြင့် ပြုလုပ်ခဲ့ကြောင်း သူမက ဆိုခဲ့သည်။

“သူတို့အများစုက စာရွက်စာတမ်းမရှိပဲ လွတ်လပ်စွာခရီးသွားလာခွင့် အာဏာကို ကျော်ပြီးခရီးသွားခဲ့တာကြောင်း ဖမ်းဆီးခံရတာပါ”ဟု သူမက ဆိုသည်။

 အန္ဒိယနိုင်ငံသားများက အန္ဒိယ- မြန်မာချစ်ကြည်ရေးတံတားတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အကောက်ခွန်ဌာနနှင့် စုပေါင်းစစ်ဆေးရေးစခန်း(ICP)မှ ဝန်ထမ်းများနှင့် မိုးရေး ရဲတပ်ဖွဲ့တစ်ဖွဲ့မှ လက်လွှဲယူခဲ့သည်။

တန်နိုပေါ်လ် ခရိုင်စောင့်ကြည့်ရေးအာဏာပိုင်မှ ဆေးအဖွဲ့သည် အိန္ဒိယနိုင်၍ငံသား ၃၄ ဦးအား ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် မိုးရေး ရဲတပ်ဖွဲ့သည့် သူတို့အား မိုးရေး ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ သူတို့အား သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်သည်။
 
တစ်ချိန်တည်းတွင် အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသား ၂၈ ဦးအား ပြန်လည်ပို့ခဲ့ပြီး မြန်မာအာဏာပိုင်များထံ ထိုနယ်စပ်တွင် ကြသပတေးနေ့က လွှဲပြောင်းပေးခဲ့ကြောင်း လက်ထောက်အတွင်းရေးမှူးက ဆိုခဲ့သည်။   မြန်မာနိုင်ငံသားများတွင် ရှစ်ဦးသည် နာဂလန်းတွင် ဖမ်းဆီးခံရခြင်းဖစ်ပြီး အာသံတွင် ၁၉ ဦးနှင့် မီဇိုရမ်တွင် တစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly