ဘူတန်နယ်မြေအတွင်း ရွာများတည်ဆောက်ရန် တရုတ်၏ပြောဆိုချက်အား ဘူတန် ငြင်းဆန်

ဘူတန်နယ်မြေအတွင်း ရွာများတည်ဆောက်ရန် တရုတ်၏ပြောဆိုချက်အား ဘူတန် ငြင်းဆန်

နိုဝင်ဘာ ၂၆ ၊ ၂၀၂၀

ပေကျင်းသည် တရုတ်နယ်မြေအတွင် ရွာတစ်ရွာတည်ထားသည်ဆိုသော တရုတ်နိုင်ငံသတင်းဌာနတစ်ခု တင်ပြချက်ကို ဘူတန်သည် ငြင်းဆန်ခဲ့သည်။

“ဘူတန်မှ ဘာတရုတ်ရွာမှ မရှိဘူး”ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဘူတန်သံအမတ် ဗိုလ်ချုပ်ကြီး  Vetsop Namgyel က ANI သို့ ပြောကြားခဲ့သည်။
 
CGTN သတင်းဌာနမှထုတ်လုပ်သူ ရွန် ရွီဝေ က “အသစ်တည်ထားတဲ့  ပန်ဒ ရွာမှာ အမြဲတမ်းနေမယ့်သူတွေရှိနေပြီ။ အဲ့ဒါက ယေဒါင် တောင်ဘက် ၃၅ ကီလိုမီတာအကွာ ချိုင့်ဝွမ်းတစ်လျှောက်မှာ ရှိတယ်” ဟု တွစ်တာတွင် ရေးသားခဲ့အပြီး ထိုကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပန်ဒ ရွာသည် ဘူတန်နယ်မြေအတွင်း ၂ကီလိုမီတာတွင် တည်ရှိကြောင်း ANI က တင်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly